ကြေညာချက်များ
◼ မတ် တွင်ဝေငှရန်စာပေ– အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားလျက် ထာဝရအသက်ရစေသော အသိပညာ စာအုပ်ကို ဦးစားပေးဝေငှပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းနှစ်မျိုးစလုံးကို ဦးစားပေးဝေငှပါ။ ကြေညာသူများသည် အိမ်ရှင်များအား သူတို့ဆန္ဒရှိလျှင် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဝင်နိုင်ကြောင်း အသိပေးသင့်သည်။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ ကိုဝေငှရန် အာရုံစိုက်ပါ။ ကြိုးစားမှုတိုင်းသည် အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သင့်သည်၊ အထူးသဖြင့် အချို့သူများသည် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာကို လေ့လာထားပြီးဖြစ်လျှင်ဖြစ်သည်။ ဇွန်– အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာကို ဝေငှပါ။ အိမ်ရှင်များတွင် ၎င်းစာပေများရှိနှင့်ပြီဆိုလျှင် အသင်းတော်တွင်ရှိသည့် အခြားသင့်လျော်သော ဘရိုရှာတစ်ခုကိုဝေငှပါ။
◼ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်လိုသောကြေညာသူများသည် ယခုပင်စီစဉ်၍ လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာပေများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်မည်။ အရန်ရှေ့ဆောင်လုပ်ရန် လက်ခံအတည်ပြုချက်ရသူအားလုံး၏အမည်ကို အသင်းတော်အား လစဉ်ကြေညာသင့်သည်။
◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲသို့မပို့မီ လစဉ်ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးသည် စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။