သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၃ ခုနှစ် ဧပြီ ၂၈ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၃ ခုနှစ် မတ် ၃ မှ ဧပြီ ၂၈ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ မည်သည့်အကြောင်းအချက်များက သွက်လက်ပြေပြစ်မှုကင်းမဲ့စေနိုင်သနည်း။ [ပက စ. ၉၃]
၂။ အမှား သို့မဟုတ် အမှန်– ရပ်တန့်ခြင်းသည် လူတို့၏စိတ်ကို ပျံ့လွင့်စေကာ ကြားဖြတ်ပြောရန် အခွင့်အရေးများရရှိစေနိုင်သောကြောင့် ယင်းကို ရှောင်ကြဉ်သင့်သည်။ ရှင်းပြပါ။
၃။ ဟောပြောသူ သို့မဟုတ် လူထုရှေ့ဖတ်ပြသူတစ်ဦးအတွက် ဆိုလိုရင်းသဘောပေါက်အောင် လျောက်ပတ်သောအလေးပေးမှု၏ တန်ဖိုးကားအဘယ်နည်း။ (နေ. ၈:၈) [ပက စ. ၁၀၁]
၄။ ဆိုလိုရင်းသဘောပေါက်အောင် လျောက်ပတ်သောအလေးပေးမှုကို မည်သို့တိုးတက်စေနိုင်သနည်း။ [ပက စစ. ၁၀၂-၃]
၅။ ကျမ်းစာသင်အံမှု သို့မဟုတ် အသင်းတော်အစည်းအဝေး၌ စာပေတစ်ခုကို အသံကျယ်ကျယ်ဖတ်ရှုသောအခါ အလေးအနက်ပြုသင့်သည့် အဓိကအယူအဆများကား အဘယ်နည်း။ [ပက စ. ၁၀၅]
တာဝန်နံပါတ် ၁
၆။ ခရစ်ယာန်အစည်းအဝေးများတွင် “ကြား၍နားလည်” နိုင်ရန် ကလေးများကို လေ့ကျင့်ပေးဖို့ မိဘများ အဘယ်အရာပြုလုပ်နိုင်သနည်း။ (တရား. ၃၁:၁၂) [ပက စ. ၁၆]
၇။ ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း။ [က၀၁ ၃/၁ စစ. ၈-၁၀]
၈။ သုတ္တံ ၈:၁-၃ က ဘုရားရေးရာဉာဏ်ပညာကို လူအားလုံးရနိုင်ကြောင်း မည်သို့ဖော်ပြသနည်း၊ ကောလောသဲ ၂:၃ အရ ယင်းကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။ [က၀၁ ၃/၁၅ စစ. ၂၅၊ ၂၈]
၉။ ကျွန်ုပ်တို့သည် ဘုရားသခင့်နာမတော်ကို မည်သို့သိရှိစေနိုင်သနည်း။ (ယော. ၁၇:၆) [ပက စစ. ၂၇၃-၅]
၁၀။ “နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း” နှင့်စပ်လျဉ်း၍ အဘယ်အရေးကြီးသော အသေးစိတ်အချက်အလက်များကို လူတို့သိဖို့လိုအပ်သနည်း။ (မ. ၂၄:၁၄၊ ကဘ) [ပက စစ. ၂၇၉-၈၀]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ (က) ပထမရာစု၌ မာကု ၁၃:၁၄ တွင်ဖော်ပြထားသည့် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” ကားအဘယ်နည်း။ (ခ) ယင်း၏ “မနေသင့်သောအရပ်၌စိုက်နေ” ခြင်းဟူသည် အဘယ်အရာကို ရည်ညွှန်းခဲ့ခြင်းဖြစ်သနည်း။
၁၂။ ယေရှုသည် ဒါဝိဒ်၏ထီးနန်းအမွေခံဖြစ်ကြောင်း လုကာ၏ခရစ်ဝင်ကျမ်းက မည်သို့သက်သေထူသနည်း။ (လု. ၃:၂၃-၃၇) [က၉၂ ၁၀/၁ စ. ၉ အပိုဒ် ၃]
၁၃။ လုကာ ၁၂:၂ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ဖော်ပြချက်အဓိပ္ပာယ်ကား အဘယ်နည်း။
၁၄။ ယေရှု၏ပျောက်သောငွေ ပုံဥပမာတွင် ကောင်းကင်တမန်များ၏တုံ့ပြန်မှုသည် အဘယ်ကြောင့်ထူးခြားသနည်း။ (လု. ၁၅:၁၀) ၎င်းတို့၏ပုံသက်သေက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။
၁၅။ လုကာ ၂၂:၂၉ (ကဘ) တွင် မည်သည့်ပဋိညာဉ်နှစ်ခုကို ဖော်ပြထားသနည်း။