သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၃ မှ ဒီဇင်ဘာ ၂၉ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ လယ်ကွင်းဓမ္မအမှုတွင် ကျမ်းစာကိုအသုံးပြုခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ [ပက စ. ၁၄၅ အပိုဒ် ၂၊ လေးထောင့်ကွက်]
၂။ အထက်အောက်စကားက ကျမ်းချက်မိတ်ဆက်ပေးပုံအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ [ပက စ. ၁၄၉]
၃။ ကျမ်းချက်ဖတ်သည့်အခါ သင့်လျော်သောစကားလုံးများကို လေးနက်မှုနှင့်ဖတ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း၊ ယင်းကို မည်သို့အောင်မြင်နိုင်သနည်း။ [ပက စ. ၁၅၁ အပိုဒ် ၂၊ လေးထောင့်ကွက်]
၄။ အခြားသူများအား ကျွန်ုပ်တို့သွန်သင်သည့်အခါ “သမ္မာတရားကို မှန်ကန်စွာကိုင်တွယ်” ပါဟူသောပေါလု၏သြဝါဒကို မည်သို့ကျင့်သုံးကြသနည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (၂ တိ. ၂:၁၅၊ ကဘ) [ပက စ. ၁၅၃ အပိုဒ် ၂၊ လေးထောင့်ကွက်]
၅။ ပေါလုသည် မည်သို့ “ကျမ်းစာကိုအမှီပြု၍ . . . ဆွေးနွေးနှီးနှော” ခဲ့သနည်း။ (တ. ၁၇:၂၊ ၃) [ပက စ. ၁၅၅ အပိုဒ် ၅–စ. ၁၅၆ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ဟောပြောချက်တစ်ခုကိုပြင်ဆင်ရန် ကျွန်ုပ်တို့၏ အကောင်းဆုံးသုတေသနပြုကိရိယာ၊ သမ္မာကျမ်းစာကို အသုံးပြုသောအခါ (၁) အခန်းငယ်များ၏အထက်အောက်စကားကို ဆန်းစစ်ခြင်း၊ (၂) ပြန်လှန်အညွှန်းများကို ဆန်းစစ်ခြင်း၊ (၃) ကျမ်းစာမှန်ပြမာတိကာနှင့်ရှာဖွေခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။ [ပက စ. ၃၄ အပိုဒ် ၃–စ. ၃၅ အပိုဒ် ၂]
၇။ စစ်မှန်သောတည်ကြည်မှုကို မည်သို့ပြသနည်း၊ မည်သူ့ကိုနည်း။ [က၀၁ ၁၀/၁ စစ. ၂၂-၃]
၈။ ယေဟောဝါသည် တိကျသောအချိန်ထိန်းရှင်ဖြစ်ကြောင်း မည်သည့်အရာက ဖော်ပြသနည်း။ (ဒံ. ၁၁:၃၅-၄၀; လု. ၂၁:၂၄) [ကမ-၀၃ (ကြားညှပ်) စ. ၈ အပိုဒ် ၁]
၉။ ဟောပြောချက်တစ်ခုအတွက် သုတေသနပြုပြီးနောက် အဘယ်အချက်များအသုံးပြုရမည်ကို ဆုံးဖြတ်ရာတွင် စွဲမှတ်ထားသင့်သောအချက်များကား အဘယ်နည်း။ [ပက စ. ၃၈]
၁၀။ “နောဧလက်ထက်” နှင့်စပ်လျဉ်းသည့် ယေရှု၏ဖော်ပြချက်သည် ယနေ့ ကျွန်ုပ်တို့၏အခြေအနေနှင့် အဘယ်ကြောင့် သက်ဆိုင်သနည်း။ (မ. ၂၄:၃၇) [က၀၁ ၁၁/၁၅ စ. ၃၁ အပိုဒ် ၃-၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဖိလေမုန်ထံရေးသည့် ပေါလု၏စာက ခရစ်ယာန်တစ်ဦး၏တာဝန်သည် လူမှုရေးပြုပြင်မှုကို မြှင့်တင်ရန်မဟုတ်ဘဲ ခရစ်ယာန်များဖြစ်လာဖို့ ကူညီရန်ဖြစ်ကြောင်း မည်သို့ဖော်ပြသနည်း။ (ဖိလေ. ၁၂)
၁၂။ “လွင့်မျောခြင်း၊” ‘ထွက်သွားခြင်း’ နှင့် ‘ရွေ့လျော့ဖောက်ပြန်ခြင်း’ တို့၏ခြားနားချက်ကား အဘယ်နည်း။ (ဟေဗြဲ ၂:၁၊ ကဘ; ၃:၁၂; ၆:၆) [က၉၉ ၇/၁၅ စ. ၁၉ အပိုဒ် ၁၂; က၈၇ ၆/၁ စ. ၉ အပိုဒ် ၁၆-၁၇; က၈၀ ၁၂/၁ စ. ၂၃ အပိုဒ် ၈ [လိပ်]]
၁၃။ “ယေဟောဝါအလိုတော်ရှိလျှင်” ဟူသောအသုံးအနှုန်းကို အသေးအဖွဲအရာမဖြစ်စေရန် မည်သို့ရှောင်ကြဉ်နိုင်သနည်း။ (ယာ. ၄:၁၅၊ ကဘ) [cj စ. ၁၇၁ အပိုဒ် ၁-၂ [လိပ်]]
၁၄။ ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တနေခြင်း’ ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။ (၂ ပေ. ၃:၁၂) [က၉၇ ၉/၁ စစ. ၁၉-၂၀]
၁၅။ ဗျာဒိတ်အခန်းကြီး ၂ နှင့် ၃ တွင်ဖော်ပြထားသည့် အသင်းတော်ခုနစ်ခုထံ ပို့သောသတင်းများတွင် ယနေ့ ခရစ်ယာန်များအတွက် အဘယ်အရေးကြီးသြဝါဒကို တွေ့ရှိရသနည်း။ (ဗျာ. ၂:၄၊ ၅၊ ၁၀၊ ၁၄၊ ၂၀; ၃:၃၊ ၁၀၊ ၁၁၊ ၁၇၊ ၁၉)