ကြေညာချက်များ
◼ ဒီဇင်ဘာ တွင်ဝေငှရန်စာပေ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ဝေငှမှုတစ်မျိုးအနေနှင့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်]၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်ကို အသုံးပြုနိုင်ပေသည်။ ဇန်နဝါရီ– မည်သည့်စာအုပ်ဟောင်းကိုမဆို ဝေငှနိုင်သည်။ စာအုပ်ဟောင်းများမရှိသောအသင်းတော်များသည် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံ ချဉ်းကပ်လော့။ ဤစာအုပ်ကိုမရရှိနိုင်ပါက အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] သို့မဟုတ် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] ကိုဝေငှမှုတစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။
အသင်းတော်စာရင်းအင်းကိုင်သည့် ညီအစ်ကိုများအတွက် သတိပေးချက်တစ်ရပ်အနေနှင့် ကမ္ဘာချီလုပ်ငန်းအတွက်နှင့် နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် သေတ္တာများတွင်ထည့်သောအလှူငွေများကို လစဉ်ပို့ရန်ဖြစ်သည်၊ နိုင်ငံတော်ခန်းမမြေရာ အဆောက်အအုံချေးငွေဆပ်ရန်အတွက် သို့မဟုတ် အခြားသော အသင်းတော်အသုံးစရိတ်တစ်စုံတစ်ရာအတွက် အသုံးမပြုသင့်ပေ။
◼ ၂၀၀၄ ခုနှစ်အတွက် သတိရအောက်မေ့ပွဲဖိတ်စာများကို အသင်းတော်တစ်ခုစီ၏ အဓိကဘာသာစကားဖြင့် အသင်းတော်သို့ မကြာမီပို့ပေးပါမည်။ သင့်ရပ်ကွက်တွင် အခြားဘာသာစကားများပြောဆိုကြ၍ ထိုဘာသာစကားများဖြင့် ဖိတ်စာများရလိုပါက စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့် အမြန်ဆုံးတောင်းခံသင့်သည်။ သတိရအောက်မေ့ပွဲဖိတ်စာများအား ရရှိနိုင်သောဘာသာစကားစာရင်းကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့သည့် “အသင်းတော်အားလုံးအတွက်ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ ကျေးဇူးပြု၍ သင့်ရပ်ကွက်အတွက်လိုအပ်သည့် ဘာသာစကားများကိုသာ တောင်းခံပါ။
◼ ၂၀၀၅ ခုနှစ်အတွက် သတိရအောက်မေ့ပွဲသည် မတ်လ ၂၄ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးချိန်တွင်ဖြစ်ကြောင်း ကျေးဇူးပြု၍သတိပြုပါ။ အရေးကြီးသည့်အခါသမယဖြစ်သောကြောင့် သတိရအောက်မေ့ပွဲဟောပြောချက်ပေးရန် တာဝန်ပေးရာတွင် အကြီးအကဲအဖွဲ့သည် အလှည့်ကျဟောခြင်း သို့မဟုတ် နှစ်စဉ် ညီအစ်ကိုတစ်ဦးတည်းကိုသာ သုံးခြင်းအစား ပိုအရည်အချင်းရှိသည့် အကြီးအကဲများထဲမှတစ်ဦးကို ရွေးသင့်သည်။ ဟောပြောချက်ပေးနိုင်သည့် အရည်အချင်းရှိ ဘိသိက်ခံအကြီးအကဲတစ်ဦးရှိမည်ဆိုလျှင် သူ့ကိုရွေးသင့်သည်။
◼ ၂၀၀၄၊ မတ် ၁၅ ရက်မှ ၂၀၀၅၊ မေ ၁၆ ရက်အထိ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို သုံးသပ်ကြမည်ဖြစ်သည်။
◼ ၂၀၀၄ နှစ်ချုပ်ကျမ်းချက်– “စောင့်နေကြလော့၊ . . . ကိုယ်တိုင်အသင့်ရှိနေကြလော့။”—မ. ၂၄:၄၂၊ ၄၄၊ သမ။
“Keep on the watch . . . Prove yourselves ready.”—Matt. 24:42, 44.
“Ralringte in hngak zungzal u . . . Timhciate in um u.”—Matt. 24:42, 44, NW. [Hakha Chin]