ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၄ စာ. ၄
  • “ကျယ်ဝန်းသောစိတ်ရှိကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျယ်ဝန်းသောစိတ်ရှိကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်သည် မေတ္တာကိုကျယ်ဝန်းစေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • တည်တံ့သောခင်မင်ရင်းနှီးမှုများကို သင်ခံစားနိုင်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၅/၀၄ စာ. ၄

“ကျယ်ဝန်းသောစိတ်ရှိကြလော့”

၁။ ကျွန်ုပ်တို့တစ်ဦးစီတွင် အဘယ်တာဝန်ရှိသနည်း။

၁ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင် ကျွန်ုပ်တို့တစ်ဦးစီသည် အသင်းတော်တွင် လှိုက်လှဲနွေးထွေးမှုရှိစေရန် တာဝန်ရှိသည်။ (၁ ပေ. ၁:၂၃; ၂:၁၇) ကျွန်ုပ်တို့သည် အချင်းချင်းအပေါ် ချစ်ခင်တွယ်တာမှု “ကျယ်ဝန်း” သောအခါ ထိုသို့သောလှိုက်လှဲနွေးထွေးမှုကို ရရှိစေသည်။ (၂ ကော. ၆:၁၂၊ ၁၃) ကျွန်ုပ်တို့၏ ညီအစ်ကိုညီအစ်မများကို ကောင်းစွာသိကျွမ်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၂။ ယုံကြည်သူချင်းများနှင့် ခင်မင်ရင်းနှီးမှု တိုးတက်ကြီးထွားစေခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

၂ ခင်မင်ရင်းနှီးမှု သန်စွမ်းကြီးထွားလာ– ကျွန်ုပ်တို့သည်ယုံကြည်သူချင်းများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှသူတို့၏ယုံကြည်ခြင်း၊ ခံနိုင်ရည်နှင့် အခြားအရည်အသွေးကောင်းများကို ပို၍အပြည့်အဝတန်ဖိုးထားလာသည်။ သူတို့၏အားနည်းချက်များသည် ကျွန်ုပ်တို့အတွက် အရေးမပါပုံပေါက်ကာ ခင်မင်မှုသံယောဇဉ် ကြီးထွားလာ၏။ ကျွန်ုပ်တို့သည် အချင်းချင်းကောင်းစွာသိထားခြင်းဖြင့် အချင်းချင်းတည်ဆောက်၍ နှစ်သိမ့်မှုပေးရန် ပို၍အသင့်ရှိစေသည်။ (၁ သက်. ၅:၁၁) ကျွန်ုပ်တို့သည် စာတန့်လောက၏ အကျင့်ပျက်ပြားသောသြဇာများကို တွန်းလှန်ရန် အချင်းချင်းအတွက် “ခွန်အားရှိစေသောအထောက်အကူ” ဖြစ်နိုင်သည်။ (ကော. ၄:၁၁၊ ကဘ) ဤခက်ခဲသောနောက်ဆုံးကာလကို ထောက်ရှု၍ ယေဟောဝါ၏လူမျိုးအလယ်တွင် မိတ်ဆွေကောင်းများရရှိသည့်အတွက် ကျွန်ုပ်တို့တကယ်ကျေးဇူးတင်ကြသည်တကား!—သု. ၁၈:၂၄။

၃။ ကျွန်ုပ်တို့သည် အခြားသူများအတွက် ခွန်အားရှိစေသောအထောက်အကူ မည်သို့ဖြစ်နိုင်သနည်း။

၃ ပြင်းထန်သောစုံစမ်းမှုများရင်ဆိုင်ရချိန်တွင် ရင်းနှီးသောမိတ်ဆွေများသည်ခွန်အားနှင့် နှစ်သိမ့်မှု အထူးရင်းမြစ်တစ်ခု ဖြစ်နိုင်သည်။ (သု. ၁၇:၁၇)တန်ဖိုးမရှိဟူသည့် ခံစားချက်များကို တွန်းလှန်ခဲ့သည့် ခရစ်ယာန်တစ်ဦး ဤသို့ပြန်ပြောပြသည်– “ကျွန်မနဲ့ပတ်သက်တဲ့ အပြုသဘောပါတဲ့အရာတွေပြောဆိုပြီးကျွန်မမှာရှိထားတဲ့အပျက်သဘောထားကို ချိုးနှိမ်နိုင်အောင် ကူညီပေးမယ့် မိတ်ဆွေတွေရှိပါတယ်။”ထိုသို့သောမိတ်ဆွေများသည် ယေဟောဝါထံမှကောင်းချီးတစ်ရပ်ဖြစ်၏။—သု. ၂၇:၉။

၄။ အသင်းတော်ရှိ အခြားသူများအား ကျွန်ုပ်တို့ မည်သို့ပိုမိုသိကျွမ်းလာနိုင်သနည်း။

၄ အခြားသူများကို စိတ်ဝင်စားမှုပြပါ– ယုံကြည်သူချင်းများအပေါ် ကျွန်ုပ်တို့၏ချစ်ခင်တွယ်တာမှုကို မည်သို့ကျယ်ဝန်းစေနိုင်သနည်း။ ခရစ်ယာန်အစည်းအဝေးများတွင် အခြားသူများအား ကြိုဆိုနှုတ်ဆက်သည့်အပြင် အဓိပ္ပာယ်ရှိသောစကားပြောဆိုမှုတွင် သူတို့ကို ပါဝင်လာစေရန် ကြိုးစားပါ။ သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို မစပ်စုဘဲ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ။ (ဖိ. ၂:၄; ၁ ပေ. ၄:၁၅) အခြားသူတို့ကို စိတ်ဝင်စားမှုပြသည့် နောက်တစ်နည်းမှာ ထမင်းစားဖိတ်ခေါ်ခြင်းအားဖြင့်ဖြစ်၏။ (လု. ၁၄:၁၂-၁၄) သို့မဟုတ် သင်သည် လယ်ကွင်းဓမ္မအမှုတွင် သူတို့နှင့်အတူအမှုဆောင်ရန် စီစဉ်နိုင်သည်။ (လု. ၁၀:၁) ကျွန်ုပ်တို့၏ညီအစ်ကိုများအား ပိုမိုသိကျွမ်းရန် အစပြုလုပ်ဆောင်သည်နှင့်အမျှ အသင်းတော်တွင် စည်းလုံးမှု ပိုရှိလာသည်။—ကော. ၃:၁၄။

၅။ ကျွန်ုပ်တို့၏ ခင်မင်ရင်းနှီးမှုကို တိုးချဲ့ရန် နည်းတစ်နည်းကား အဘယ်နည်း။

၅ ကျွန်ုပ်တို့သည် မိမိတို့နှင့်သက်တူရွယ်တူများ သို့မဟုတ် မိမိတို့နှင့် စိတ်ဝင်စားမှုချင်းတူသူများထဲမှသာ ရင်းနှီးသောအပေါင်းအသင်းများကို ရွေးချယ်လေ့ရှိသလော။ အသင်းတော်တွင် ကျွန်ုပ်တို့ပျိုးထောင်သည့် ခင်မင်ရင်းနှီးမှုများကို ထိုသို့သောအကြောင်းအချက်များဖြင့် ကန့်သတ်မထားသင့်ချေ။ ဒါဝိဒ်နှင့် ယောနသန်အပြင် ရုသနှင့် နောမိတို့သည် အသက်အရွယ်နှင့် နောက်ခံချင်းမတူကြသော်လည်း ခိုင်မြဲသော ခင်မင်မှုသံယောဇဉ်ရှိခဲ့ကြသည်။ (ရု. ၄:၁၅; ၁ ရာ. ၁၈:၁) သင်၏ခင်မင်ရင်းနှီးမှုကို တိုးချဲ့နိုင်မည်လော။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မျှော်လင့်မထားသည့် ကောင်းချီးများရရှိနိုင်သည်။

၆။ ညီအစ်ကိုများအပေါ်ကျွန်ုပ်တို့၏ချစ်ခင်တွယ်တာမှုကို ကျယ်ဝန်းစေခြင်း အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

၆ ကျွန်ုပ်တို့သည် အခြားသူများအပေါ် ချစ်ခင်တွယ်တာမှု ကျယ်ဝန်းစေခြင်းအားဖြင့် အချင်းချင်းကို အားရှိစေကာ အသင်းတော်တွင် ငြိမ်သက်မှုတိုးပွားစေ၏။ ထို့ပြင် ညီအစ်ကိုများအပေါ် ကျွန်ုပ်တို့မေတ္တာပြမှုအတွက် ယေဟောဝါကိုယ်တော်တိုင် ကျွန်ုပ်တို့ကို ကောင်းချီးပေးသည်။ (ဆာ. ၄၁:၁၊ ၂; ဟေဗြဲ ၆:၁၀) ညီအစ်ကို များနိုင်သရွေ့များများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်ရန် ပန်းတိုင်ထားပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ