ကြေညာချက်များ
◼ ဇွန်လတွင်ဝေငှရန်စာပေ– ကြီးမြတ်သောဆရာထံမှ သင်ယူလော့ [လိပ်]။ မိမိတို့တွင် ကလေးမရှိဟုပြောဆိုလျှင်တောင်းဆိုဘရိုရှာကိုဝေငှပါ။ဘရိုရှာကိုအသုံးပြုသည့်အခါ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ခြင်းအပေါ် အာရုံစိုက်ပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂ မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ စက်တင်ဘာ– သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော။ ဝေငှမှုနောက်တစ်မျိုးအနေနှင့် အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] ကိုဝေငှနိုင်သည်။
◼ နိုင်ငံတော်ခန်းမလုံခြုံရေးစိတ်ချရစေရန် အဆောက်အအုံမှထွက်သည့် နောက်ဆုံးလူသည် တံခါးကိုသော့ခတ်ကာ အခြားလုံခြုံရေးဆိုင်ရာများကို ဂရုမူသင့်သည်။ ထိုသူသည် အဆောက်အအုံလုံခြုံရေးကို သေချာအောင်မလုပ်နိုင်လျှင် လုပ်နိုင်သူတစ်ဦးဦးကိုခေါ်ကာ မထွက်ခင် ထိုသူရောက်လာသည်အထိ စောင့်နေသင့်သည်။ အကြီးအကဲများသည် နိုင်ငံတော်ခန်းမသော့များရရှိထားသည့်တာဝန်ရှိကြေညာသူများ၏ နောက်ဆုံးစာရင်းတစ်ခုကို ပြုစုထားသင့်သည်။