ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၄ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၈/၀၄ စာ. ၇

ကြေညာချက်များ

◼ ဩဂုတ် တွင်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။စံစားကြ!၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ နှင့် ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]။ ကမ္ဘာ့ဒေသအချို့တွင် အောက်ပါဘရိုရှာများသည် သင့်လျော်ပေမည်– လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ [လိပ်]။ စက်တင်ဘာ– သင့်အသင်းတော်တွင်ရှိသည့် မည်သည့်စာအုပ်ကိုမဆို ဝေငှပါ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! များကို တစ်လလုံးဝေငှမည်။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူလော့ [လိပ်] စာအုပ်ကိုဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် တောင်းဆို ဘရိုရှာကို ဝေငှပါ။ ဘရိုရှာကိုအသုံးပြု၍ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရန် အာရုံစိုက်ပါ။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ယင်းသို့စစ်ဆေးပြီးနောက် စာရင်းအင်းအစီရင်ခံစာ ဖတ်ပြသောအခါ အသင်းတော်အား ကြေညာပေးပါ။

◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၅ ခုနှစ်ပြက္ခဒိန်၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၅ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၅ နှစ်ချုပ်စာအုပ် တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းပစ္စည်းများအား ရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။

◼ ၂၀၀၄ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤပစ္စည်းစာရင်းသည် စာအုပ်စာတမ်းအမှုထမ်းသည် လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်အလားတူကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံတွင်ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်း(များ)ထံမှ ရယူနိုင်သည်။ အသင်းတော်အတွင်းရေးမှူးသည် လက်ရှိပစ္စည်းစာရင်းကို ကြီးကြပ်သင့်သည်။ သူနှင့် အသင်းတော်ဦးစီးကြီးကြပ်မှူးသည် ပုံစံပေါ်တွင် လက်မှတ်ထိုးရပါမည်။ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံစာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပို့ပေးပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။

◼ ဩဂုတ်လမှစတင်၍ ၂၀၀၄ ခုနှစ်အတွက် ခရိုင်စည်းဝေးကြီးရင်ထိုးကတ်ပြားများကို စာအုပ်စာတမ်းထုပ်ပို့မှုများတွင် အလိုအလျောက်ထည့်ပေးမည်ဖြစ်သည်။ အသင်းတော်တစ်ခုစီ၏အရွယ်အစားပေါ် မူတည်ပြီး ကတ်ပြားများကို ၂၅ ခုလျှင် တစ်တွဲစီတွဲ၍ပို့ပေးပါမည်။ အသင်းတော်သည် ရင်ထိုးကတ်ပြားများထပ်မံရလိုပါက ယင်းတို့ကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့်တောင်းခံသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ