ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၅ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၂/၀၅ စာ. ၇

ကြေညာချက်များ

◼ ဖေဖော်ဝါရီ တွင်ဝေငှရန်စာပေ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်] စာအုပ်ကို ဝေငှကြမည်။ ဤစာအုပ်မရှိသောအသင်းတော်များသည် နောက်ဝေငှမှုတစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] စာအုပ်ကို အသုံးပြုနိုင်သည်။ မတ်– စောင့်နေကြလော့ ဘရိုရှာကို ဝေငှပါ။ လူတို့သည် အမှန်တကယ်စိတ်ဝင်စားမှုပြလျှင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ကြိုးစားလျက် အသိပညာ စာအုပ်ကို မိတ်ဆက်ပေးပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ အောက်မေ့ရာပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းမနေသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သောအခါ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာတို့ကို လေ့လာထားနှင့်ပြီးသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ဦးတည်ချက်ထားသင့်သည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို မတ် ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားလျှင် ၎င်းစာရင်းကို စစ်ဆေးရန်လည်း အစီအစဉ်များပြုလုပ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။

◼ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် သတ်မှတ်နာရီပြည့်မီဖို့ အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် နှစ်စဉ် S-201 စာများကို ပြန်သုံးသပ်ပါ။

◼ ၂၀၀၅ အောက်မေ့ရာပွဲရာသီအတွက် အထူးလူထုဟောပြောချက်ခေါင်းစဉ်မှာ “ယေရှု အဘယ်ကြောင့် ဆင်းရဲဒုက္ခခံပြီး သေရသနည်း” ဖြစ်ပါမည်။ သက်ဆိုင်သောကြေညာချက်ကို စက်တင်ဘာ ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ကြည့်ပါ။

◼ ကြေညာသူများအတွက် ပြုလုပ်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် အထူးကြေညာချက်အတွက် မတ်လ ၂၀ ရက်၊ တနင်္ဂနွေနေ့တွင် လူထုအစည်းအဝေးကို အားလုံးတက်ရောက်လိုကြမည်ဖြစ်သည်။

◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသောစာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲရုံးသို့မပို့မီ လစဉ် ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးက စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ