ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၅ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၇/၀၅ စာ. ၃

ကြေညာချက်များ

◼ ဇူလိုင်နှင့်သြဂုတ် တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ကမ္ဘာသားဘဝထာဝရစံစားကြ! ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့!၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ နှင့် ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]။ ကမ္ဘာ့ဒေသအချို့တွင် အောက်ပါဘရိုရှာများသည် သင့်လျော်ပေမည်– လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင် [အင်္ဂလိပ်]။ စက်တင်ဘာ– ဖန်ဆင်းရှင် [လိပ်] စာအုပ်ကို အသုံးပြုမည်။ ဝေငှမှုနောက်တစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) ကိုဝေငှနိုင်သည်။ စာအုပ်အဟောင်းများပိုလျှံနေသည့် အသင်းတော်များသည် ၎င်းတို့ထဲမှ မည်သည့်စာအုပ်ကိုမဆို ဝေငှမှုတစ်မျိုးအနေနှင့် ဝေငှနိုင်သည်။ အိမ်ရှင်များသည် ဝေငှသည့်စာအုပ်ကို လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကို တင်ဆက်ပါ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြလျှင် ကျေးဇူးပြု၍ တောင်းဆို ဘရိုရှာကိုပြပါ။

◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာမှစ၍ “သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို အဘယ်ကြောင့်ခံယူသင့်” ဟူသော လူထုဟောပြောချက်ကို ဟောပါမည်။

◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို စတင်လုပ်ရန်တောင်းဆိုထားသည့် ရက်စွဲမတိုင်မီ အနည်းဆုံး ရက် ၃၀ ကြို၍ ဌာနခွဲရုံးသို့ပို့ရန် အကြံပြုပါသည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့ နှစ်ခြင်းခံသည့် ရက်စွဲ အတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို သူ၏နှစ်ခြင်းခံရက်စွဲအဖြစ် မှတ်သားထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း (S-21) ကတ်တွင် ရေးမှတ်ထားသင့်သည်။

◼ အသင်းတော်အတွင်းရေးမှူးများတွင် အသင်းတော်ရှိ မှန်မှန်ရှေ့ဆောင်တစ်ဦးစီအတွက် ရှေ့ဆောင်ခန့်အပ်ချက်စာ (S-202) ရရှိထားကြောင်း သေချာစေသင့်သည်။ အကယ်၍ မရရှိထားပါက ကျေးဇူးပြု၍ ဌာနခွဲရုံးသို့ စာရေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ