သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၆ ခုနှစ်၊ ဇွန် ၂၆ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် မေ ၁ မှ ဇွန် ၂၆ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ အသံပြောင်းလဲခြင်းဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၁၁၁၊ လေးထောင့်ကွက်များ]
၂။ ဟောပြောချက်ပေးသည့်အခါ ကျွန်ုပ်တို့၏အသံ အနှေးအမြန်ကို မည်သို့ပြောင်းလဲပေးနိုင်သနည်း။ [ပက စ. ၁၁၂ အပိုဒ် ၃-၅၊ လေးထောင့်ကွက်–စ. ၁၁၃ အပိုဒ် ၁]
၃။ ကျွန်ုပ်တို့ဟောပြောချက်၏ အကြောင်းအရာအပေါ် စိတ်ထက်သန်မှုကို မည်သို့တိုးပွားစေနိုင်ပြီး ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၁၁၅ အပိုဒ် ၁–စ. ၁၁၆ အပိုဒ် ၂၊ လေးထောင့်ကွက်များ]
၄။ အခြားသူများကို သွန်သင်သည့်အခါ နွေးထွေးမှု ဟူသောအရည်အသွေးသည် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း၊ ယင်းကို ဖော်ပြရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။ [ပက စ. ၁၁၈ အပိုဒ် ၂–စ. ၁၁၉ အပိုဒ် ၅]
၅။ ဆက်သွယ်မှုပြုရာတွင် ကိုယ်ဟန်အမူအရာနှင့် မျက်နှာအနေအထား၏အရေးပါမှုကို ရှင်းပြပါ။ (မ. ၁၂:၄၈၊ ၄၉) [ပက စ. ၁၂၁၊ လေးထောင့်ကွက်များ]
တာဝန်နံပါတ် ၁
၆။ ယောဘကျမ်းသည် ယေဟောဝါအား မည်သို့ချီးမွမ်းဂုဏ်တင်ပြီး အသက်ရှင်နေထိုင်မှုနှင့်ဆိုင်သည့် ကိုယ်တော်၏ ဖြောင့်မတ်သောစံနှုန်းများကို မည်သို့အလေးအနက်ဖော်ပြသနည်း။ [ဘကမ-၀၁ စ. ၁၈ အပိုဒ် ၃၉၊ ၄၁]
၇။ ဆာလံကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို အဘယ်အရာက သက်သေထူသနည်း။ [ဘကမ-၀၁ စစ. ၂၂-၂၃ အပိုဒ် ၁၀-၁၁]
၈။ လိမ္မာပါးနပ်သူတစ်ဦးအကြောင်း ဖော်ပြရာတွင် သုတ္တံ ၁၃:၁၆ (ကဘ) သည် လူလည်ကျသူတစ်စုံတစ်ဦးအကြောင်း ပြောနေခြင်းလော။ ရှင်းပြပါ။ [က၀၄ ၇/၁၅ စ. ၂၈ အပိုဒ် ၃-၄]
၉။ သန့်ရှင်းသောဝိညာဉ်တော်သည် အကူအညီအဖြစ် မည်သို့လုပ်ဆောင်သနည်း၊ ယင်းကိုသိရှိခြင်းက အဘယ်အရာလုပ်ဆောင်ရန် ကျွန်ုပ်တို့ကို အားပေးမှုဖြစ်စေသင့်သနည်း။ (ယော. ၁၄:၂၅၊ ၂၆၊ ကဘ) [ပက စ. ၁၉ အပိုဒ် ၂-၃]
၁၀။ အဘယ်ယေဘုယျသဘောဖြင့် ယေရှုကြွလာတော်မူသနည်း၊ မဿဲ ၁၆:၂၈ တွင် အဘယ် “ကြွလာ” တော်မူခြင်းကို ယေရှုရည်ညွှန်းနေသနည်း။ [က၀၄ ၃/၁ စ. ၁၇ လေးထောင့်ကွက်]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယောဘ ၄၂:၁-၆ တွင် ဖော်ပြထားသည့် ယေဟောဝါအား ယောဘ၏တုံ့ပြန်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၁၂။ လူမျိုးတို့သည် အဘယ် “အချည်းနှီး” အရာကို ကြံစည်နေကြသနည်း။ (ဆာ. ၂:၁၊ ၂)
၁၃။ အဘယ်အမှီတံကဲတို့သည် ပျက်ရသနည်း။ (ဆာ. ၁၁:၁-၃)
၁၄။ မာနထောင်လွှားသူသည် အဘယ်နည်းဖြင့် ‘များစွာပေးဆပ်’ ခံရမည်နည်း။ (ဆာ. ၃၁:၂၃)
၁၅။ အသွေးအသားဆိုင်ရာ မစုံလင်မှုနှင့် ဤအစီအစဉ်စနစ်၏ ဘေးဆိုးအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်သည့် ဆာလံ ၄၀ မှ အဘယ်နှစ်သိမ့်မှုရရှိနိုင်သနည်း။ (ဆာ. ၄၀:၁၊ ၂၊ ၅၊ ၁၂)