ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၆ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၈/၀၆ စာ. ၃

ကြေညာချက်များ

◼ ဩဂုတ် တွင်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။ စက်တင်ဘာ– သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို အသုံးပြုပါမည်။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်တွင် ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားသင့်သည်။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြပါက စောင့်နေကြလော့! ဘရိုရှာဖြင့် သမ္မာကျမ်းစာကို စိတ်ဝင်စားလာရန် နှိုးဆွပေးပါ။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူပါ [လိပ်] စာအုပ်ကို ဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာ သို့မဟုတ် အခြားသင့်လျော်သောဝေစာကို ဝေငှပါ။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားလျှင် ၎င်းစာရင်းကို စစ်ဆေးရန်လည်း အစီအစဉ်များပြုလုပ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။

◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၇ ခုနှစ် ပြက္ခဒိန်၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၇ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၇ နှစ်ချုပ်စာအုပ်တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းတို့ကိုရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ်စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ