အထူးဟောပြောချက်ကို တက်ရောက်ရန် ဖိတ်ခေါ်ပါသည်
ဆင်းရဲခက်ခဲသည့် ဤလောကတွင် လုံခြုံသည်ဟု သင်ခံစားရနိုင်
ထိုကျမ်းစာဟောပြောချက်ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဟောပြောတင်ဆက်မည်ဖြစ်သည်။ ဒေသအများစု၌ ၂၀၀၇၊ ဧပြီ ၁၅၊ တနင်္ဂနွေနေ့ တွင်ဟောပြောမည်။ သင်အဘယ်အရာ သိရှိရမည်နည်း။ အောက်ပါအချက်များဖြစ်သည်–
ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာကို လုံခြုံမှုမရှိဟု အဘယ်အရာက ခံစားစေသနည်း
အထူးသဖြင့် အဘယ်အချိန်တွင် လုံခြုံမှုပျောက်ကွယ်ခဲ့သနည်း
စစ်မှန်သောလုံခြုံမှုကို မည်သည့်နေရာတွင်နှင့် မည်သို့တွေ့ရှိနိုင်သနည်း
သောင်းနှင့်ချီသောနေရာများတွင် ကျင်းပမည့် အရေးကြီးသော ဤကျမ်းစာဟောပြောချက်ကို တက်ရောက်ခြင်းဖြင့် အဖြေများသိရှိရမည်ဖြစ်သည်။ အများအားဖြင့် ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပမည်ဖြစ်သည်။ သင့်ဒေသရှိသက်သေခံများသည် ကျင်းပမည့်အချိန်နှင့် နေရာကို ဝမ်းမြောက်ဝမ်းသာပြောပြလိုကြသည်။ အခန့်သင့်ဖြစ်ပြီး အားပေးမှုဖြစ်စေမည့် ဤကျမ်းစာဟောပြောချက်ကို တက်ရောက်ရန် သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။