ကြေညာချက်များ
◼ မတ်တွင်ဝေငှရန်စာပေ– သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း [လိပ်]။ ကျမ်းစာသင်အံမှုများစတင်ရန် အထူးကြိုးစားပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများ။ သတိရအောက်မေ့ပွဲနှင့် အထူးလူထုဟောပြောချက်ကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသည့် စိတ်ဝင်စားသူလူသစ်များထံ လည်ပတ်ရန် အထူးကြိုးစားအားထုတ်ပါ။ ထိုကဲ့သို့လည်ပတ်ရခြင်း၏ရည်ရွယ်ချက်မှာ သင်အံမှုလက်မခံသေးသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန်ဖြစ်သင့်သည်။
◼ အသင်းတော်သည် နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့် နိုးလော့!များကိုရရှိသည်နှင့် ချက်ချင်းဝေပေးသင့်သည်။ ဤသို့ပြုခြင်းဖြင့် ကြေညာသူများသည် လယ်ကွင်းလုပ်ငန်းတွင် မဂ္ဂဇင်းများမဝေငှမီ ပါရှိသည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိမည်ဖြစ်သည်။
◼ ဦးစီးကြီးကြပ်မှူးက တာဝန်ပေးထားသောသူသည် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ ဆက်တိုက်စာရင်းအင်းများအတွက် ပုဂ္ဂိုလ်တစ်ဦးတည်းကို အသုံးမပြုသင့်ပါ။ စစ်ဆေးပြီးသောအခါ ယင်းကို နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) ကိုရှု။
◼ ၂၀၀၈ ခရိုင်စည်းဝေးကြီး၏ အဓိကအကြောင်းမှာ “ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု” ဖြစ်သည်။ သုံးရက်တာခရိုင်စည်းဝေးကြီး၏ အပိုင်းအားလုံးတက်ရောက်နိုင်ရန် ကိုယ်ရေးကိုယ်တာကိစ္စများအပြီးသတ်စီစဉ်နိုင်ဖို့ အကူအညီဖြစ်စေမည့် အသေးစိတ်အချက်အလက်များကို နောက်ပိုင်းကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ရရှိလိမ့်မည်။ သုံးရက်စလုံးတက်နိုင်ရန် သင့်အလုပ်မှ ခွင့်ရက်တောင်းခံဖို့ လိုအပ်မည်ဆိုလျှင် မတွန့်ဆုတ်ပါနှင့်။