သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ ဧပြီ ၂၈ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈ ခုနှစ် မတ် ၃ မှ ဧပြီ ၂၈ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေး
၁။ ကျွန်ုပ်တို့၏ဟောပြောချက်များကို တာဝန်ကျအကြောင်းအရာပေါ်တွင် တည်ဆောက်ခြင်းက အဘယ်ကြောင့်အရေးကြီးသနည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ [ပက စ. ၂၃၄ ပိုဒ်. ၁–စ. ၂၃၅ ပိုဒ်. ၁]
၂။ သွန်သင်ပေးရာတွင် မေးခွန်းများသည် အဘယ်ကြောင့် အလွန်အဖိုးတန်သနည်း။ [ပက စ. ၂၃၆ ပိုဒ်. ၁-၅]
၃။ မေးခွန်းများသည် နားထောင်နေသူတို့အား အကြောင်းအရာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် မည်သို့ထောက်ကူနိုင်သနည်း။ [ပက စ. ၂၃၇ ပိုဒ်. ၃–စ. ၂၃၈ ပိုဒ်.၁]
၄။ သွန်သင်ပေးရာတွင် နားထောင်သူ၏အတွင်းခံစားချက်များကို ဆွဲထုတ်ရန် မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုခြင်းက အဘယ်ကြောင့်အရေးကြီးသနည်း။ (သု. ၂၀:၅; မ. ၁၆:၁၃-၁၆; ယော. ၁၁:၂၆) [ပက စ. ၂၃၈ ပိုဒ်. ၃-၅]
၅။ သွန်သင်ရာတွင် နှိုင်းယှဉ်မှုများကို အသုံးပြုခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ (က. ၂၂:၁၇; ယေ. ၁၃:၁၁) [ပက စ. ၂၄၀ ပိုဒ်. ၁-၃]
တာဝန်နံပါတ် ၁
၆။ ဘုရားသခင့်နိုင်ငံတော်တွင် အသက်ရစေရန် ထောက်ကူပေးမည့် လိုက်နာအပ်သော အဘယ်မူအချို့ကို မာကုကျမ်းတွင် အလေးပေးဖော်ပြထားသနည်း။ [ဘကမ-၀၈-၁ စ. ၈ ပိုဒ်. ၃၂]
၇။ သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ ဘုရားသခင့်ကျေးကျွန်များကို မည်သို့ထောက်မပေးသနည်း။ (ယော. ၁၄:၂၅၊ ၂၆) [ပက စ. ၁၉ ပိုဒ်. ၂-၃]
၈။ စာဖတ်ခြင်းမှရရှိသော အကြီးမားဆုံးအကျိုးကျေးဇူးကား အဘယ်နည်း။ [ပက စ. ၂၁ ပိုဒ်. ၃]
၉။ လေ့လာခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ [ပက စ. ၂၇ ပိုဒ်. ၃–စ. ၂၈ ပိုဒ်. ၁]
၁၀။ လုကာခရစ်ဝင်ကျမ်းသည် ဟေဗြဲကျမ်းစောင်များကို ဘုရားသခင်မှုတ်သွင်းကြောင်း ယုံကြည်စိတ်ချမှုကို မည်သို့တိုးပွားစေသနည်း။ [ဘကမ-၀၈-၁ စ. ၁၀ ပိုဒ်. ၃၀-၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ “ကောင်းမြတ်သောဆရာ” ဟု မိမိအားခေါ်သူတစ်ဦးကို ယေရှု အဘယ်ကြောင့် တည့်မတ်ပေးခဲ့သနည်း။ (မာ. ၁၀:၁၇၊ ၁၈) [က၀၈ ၂/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—မာကုကျမ်းမှပေါ်လွင်ချက်များ”]
၁၂။ ယေရှုအသုံးပြုခဲ့သော သင်္ဘောသဖန်းပင်ပုံဥပမာက ဣသရေလလူမျိုးတို့နှင့်ပတ်သက်၍ အဘယ်အရာကိုဖော်ပြသနည်း။ (မာ. ၁၁:၁၂-၁၄၊ ၂၀၊ ၂၁) [က၀၃ ၅/၁၅ စ. ၂၆ ပိုဒ်. ၂-၃]
၁၃။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ပြီး ဘုရားသခင့်တန်ခိုး၏ လွှမ်းမိုးမှုကြောင့် မာရိ ‘ပဋိသန္ဓေစွဲယူ’ မည်ဟူသော ကောင်းကင်တမန်ဂါဗြေလ၏စကားများက အဘယ်အရာကို ဖော်ပြသနည်း။ (လု. ၁:၃၀၊ ၃၁၊ ၃၄၊ ၃၅) [က၀၈ ၃/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—လုကာကျမ်းမှ ပေါ်လွင်ချက်များ”; it-၂ စ. ၅၆ ပိုဒ်. ၂]
၁၄။ ယေရှု၏တပည့်တော်တို့သည် “ဥပုသ်နေ့၌မပြုအပ်သောအမှုကို” အမှန်တကယ်ပြုခဲ့ကြသလော။ (လု. ၆:၁၊ ၂) [gt ၃၁]
၁၅။ မာသကိုပေးခဲ့သော ယေရှု၏သွန်သင်ချက်မှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။ (လု. ၁၀:၄၀-၄၂) [က၉၉ ၉/၁ စ. ၃၁]