ကြေညာချက်များ
◼ ဇန်နဝါရီတွင် ဝေငှမည့်စာပေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဖေဖော်ဝါရီ– သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါး ရှိပါသလော [အင်္ဂလိပ်]၊ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လော[အင်္ဂလိပ်]။ မတ်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကျမ်းစာသင်အံမှုများ စတင်နိုင်ရန် စိတ်ထက်သန်စွာ ကြိုးစားပါ။
◼ မတ်လပထမအပတ်မှစ၍ တိုက်နယ်ကြီးကြပ်မှူးများအတွက် လူထုဟောပြောချက်အသစ်မှာ “လောကီစိတ်ကူးစိတ်သန်းများကိုငြင်းပယ်၍ နိုင်ငံတော်ဖြစ်ရပ်မှန်များကို မီအောင်လိုက်” ဖြစ်ပါမည်။
◼ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ်ဧပြီလ ၉ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးချိန်တွင်ကျင်းပရန် သင့်လျော်သည့်အစီအစဉ်များ ပြုလုပ်သင့်သည်။ အသင်းတော်တစ်ခုစီသည် သတိရအောက်မေ့ပွဲကို ၎င်းတို့ကိုယ်တိုင်ကျင်းပသင့်သည်။ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်များစွာ ပုံမှန်အသုံးပြုသည့်ဒေသတွင် အသင်းတော်တစ်ခု သို့မဟုတ် ထိုထက်မကသည် ထိုညနေချမ်းအတွက် အခြားအဆောက်အအုံတစ်ခုကို အသုံးပြုနိုင်သည်။ ဖြစ်နိုင်လျှင် သတိရအောက်မေ့ပွဲပြီးနောက် အချင်းချင်းပေါင်းသင်းမှုမှ အားလုံးအကျိုးအပြည့်အဝရရှိနိုင်ရန် အစီအစဉ်များကြား အနည်းဆုံးမိနစ် ၄၀ ခြားရန် ကျွန်ုပ်တို့အကြံပြုလိုပါသည်။