သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၉ ခုနှစ်၊ ဧပြီ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၉ ခုနှစ်၊ မတ် ၂ ရက်မှ ဧပြီ ၂၇ ရက်အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ ယောသပ်သည် နေ့စဉ်ရင်ဆိုင်နေရသောသွေးဆောင်မှုကို မည်သို့တွန်းလှန်ခဲ့သနည်း။ (က. ၃၉:၇-၁၂) [lv-BU စ. ၁၀၅ ပိုဒ်. ၁၈–စ. ၁၀၆ ပိုဒ်. ၂၀]
၂။ မွေးနေ့ပွဲများနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် အဘယ်အရာဖော်ပြသနည်း။ (က. ၄၀:၂၀-၂၂) [lv-BU စ. ၁၅၀ ပိုဒ်. ၉–စ. ၁၅၁ ပိုဒ်. ၁၁]
၃။ ကျွန်ုပ်တို့ကိုပြစ်မှားသူအား ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ ယောသပ်သည် မည်သို့အကောင်းဆုံးပုံသက်သေဖြစ်သနည်း။ (က. ၄၅:၄၊ ၅) [က၉၉ ၁/၁ စ. ၃၁ ပိုဒ်. ၂-၃]
၄။ “ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်” ဟူသော ယောသပ်၏စကားများသည် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ (က. ၅၀:၂၅) [က၀၇ ၆/၁ စ. ၂၈ ပိုဒ်. ၁၀]
၅။ ကျွန်ုပ်တို့သည် ခက်ခဲသောတာဝန်တစ်ခု ရရှိသောအခါ အဘယ်အရာက ယုံကြည်မှုရှိစေနိုင်သနည်း။ (ထွ. ၄:၁၀၊ ၁၃) [က၀၄ ၃/၁၅ စ. ၂၅ ပိုဒ်. ၅]
၆။ ယေဟောဝါနှင့် ဖာရော၏ဆက်ဆံပုံမှ အဘယ်ရလဒ်ရရှိခဲ့ပြီး ထိုဖြစ်ရပ်များသည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း။ (ထွ. ၉:၁၃-၁၆) [က၀၅ ၅/၁၅ စ. ၂၁ ပိုဒ်. ၈]
၇။ ထွက်မြောက်ရာ ၁၄:၃၀၊ ၃၁ သည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ [က၀၄ ၃/၁၅ စ. ၂၆ ပိုဒ်. ၆]
၈။ ထွက်မြောက်ရာ ၁၆:၁-၃ တွင် ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း အပြစ်တင်မြည်တမ်းခြင်း၏အန္တရာယ်များကား အဘယ်နည်း။ [က၉၃ ၃/၁၅ စ. ၂၀ ပိုဒ်. ၂–စ. ၂၁ ပိုဒ်. ၂]
၉။ ထွက်မြောက်ရာ ၁၉:၅၊ ၆ တွင် ဖော်ပြထားသော ပညတ်ပဋိညာဉ်မှအသုံးနှုန်းများအရ အစ္စရေးလူမျိုးသည် အဘယ်အတိုင်းအတာအထိ “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်နိုင်သနည်း။ [က၉၅ ၇/၁ စ. ၁၆ ပိုဒ်. ၈]
၁၀။ တပ်မက်ခြင်းနှင့်ပက်သက်သော ဆယ်ပါးမြောက်ပညတ်က လူ့တရားဥပဒေထက် အဘယ်နည်းဖြင့် သာလွန်သနည်း။ (ထွ. ၂၀:၁၇) [က၀၆ ၆/၁၅ စ. ၂၃-၂၄ ပိုဒ်. ၁၆]