ကြေညာချက်များ
◼ မေလတွင် ဝေငှရန်စာပေ– ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများ။ သတိရအောက်မေ့ပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အစီအစဉ်များကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းခြင်းမရှိသေးသူများအပါအဝင် စိတ်ဝင်စားသူလူသစ်များထံ ပြန်လည်ပတ်စဉ် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို ဝေငှရန်အာရုံစိုက်ပါ။ ထိုသို့လည်ပတ်ရခြင်း၏ရည်ရွယ်ချက်မှာ ထိုစာအုပ်ဖြင့် ကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သင့်သည်။ ဇွန်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဇူလိုင်နှင့်သြဂုတ်– ကြေညာသူများသည် ဒေသတွင်ရှိသည့် အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ စောင့်နေကြလော့!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။
◼ သင်သည် အခြားနိုင်ငံသို့ ခရီးသွားရန်ရှိပြီး ထိုတွင် အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီး တက်ရောက်မည်ဆိုပါက ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုနိုင်ငံရှိလုပ်ငန်းကို ကြီးကြပ်နေသော ဌာနခွဲရုံးထံ တောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။