ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၉ စာ. ၂
  • သွန်သင်ခြင်းအတွက် ကောင်းစွာပြင်ဆင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွန်သင်ခြင်းအတွက် ကောင်းစွာပြင်ဆင်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၆/၀၉ စာ. ၂

သွန်သင်ခြင်းအတွက် ကောင်းစွာပြင်ဆင်ပါ

၁။ ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုတစ်ခု ကျင်းပနေစဉ် တန်ဖိုးထားလေးမြတ်မှုကို ပြုစုပျိုးထောင်ခြင်းအပေါ် အဘယ်ကြောင့် အာရုံစိုက်သင့်သနည်း။

၁ ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုတစ်ခု ကျင်းပနေစဉ် ယေဟောဝါ၏အမှုတော်ကိုဆောင်ရန် သင်သားကို လှုံ့ဆော်ပေးဖို့ဆိုလျှင် ကောင်းစွာပြင်ဆင်ထားရမည်ဖြစ်သည်။ သမ္မာကျမ်းစာမှ သိရှိလာရာများကို တန်ဖိုးထားလေးမြတ်ရန် သင်သားအား ကြိုးစားကူညီပေးရမည်ဖြစ်သည်။ ယင်းကတစ်ဖန် သင်သားကို လှုံ့ဆော်ပေးပါလိမ့်မည်။ (တရား. ၆:၅; သု. ၄:၂၃; ၁ ကော. ၉:၂၆) ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။

၂။ ကောင်းစွာပြင်ဆင်ရာတွင် ဆုတောင်းခြင်းသည် မည်သည့်ကဏ္ဍ၌ ပါဝင်သနည်း။

၂ ဆုတောင်း၍ ပြင်ဆင်ပါ– သင်သား၏နှလုံးထဲတွင် အမှန်တရားမျိုးစေ့ကို ရှင်သန်ကြီးထွားစေသူမှာ ယေဟောဝါဖြစ်သောကြောင့် သင်သားနှင့် သူအထူးလိုအပ်ရာများအတွက် သတ်သတ်မှတ်မှတ် ဆုတောင်းခြင်းဖြင့် လေ့လာမှုကို အစပြုပြင်ဆင်ခြင်းက သင့်လျော်ပေသည်။ (၁ ကော. ၃:၆; ယာ. ၁:၅) ထိုသို့ဆုတောင်းခြင်းက သင်သား၏နှလုံး၌ ယေဟောဝါ၏အလိုတော်နှင့်ဆိုင်သည့် “တိကျမှန်ကန်သောအသိပညာ” ပြည့်ဝစေရန် မည်သို့ထပ်ဆင့်ကူညီပေးနိုင်သည်ကို ဆုံးဖြတ်ရာတွင်လည်း ကျွန်ုပ်တို့အား ထောက်ကူပေးပေမည်။—ကော. ၁:၉၊ ၁၀။

၃။ ကျွန်ုပ်တို့သည် သင်သားကိုထည့်တွက်စဉ်းစား၍ မည်သို့ပြင်ဆင်နိုင်သနည်း။

၃ သင်သားကို ထည့်တွက်စဉ်းစားပါ– ထိရောက်သောသွန်သင်ခြင်းတွင် ပရိသတ်ကို ထည့်တွက်စဉ်းစားခြင်းပါဝင်ကြောင်း ယေရှုသိရှိခဲ့၏။ အနည်းဆုံး ဖြစ်ရပ်နှစ်ခုတွင် ယေရှုသည် တူညီသောမေးခွန်းဖြင့် အမေးခံခဲ့ရ၏– “ထာဝရအသက်ကို အမွေခံရန် ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း။” ပြန်လည်ဖြေဆိုသည့်အခါတိုင်း မတူညီသောနည်းကို ကိုယ်တော်အသုံးပြုခဲ့၏။ (လုကာ ၁၀:၂၅-၂၈; ၁၈:၁၈-၂၀) ကျွန်ုပ်တို့ပြင်ဆင်သည့်အခါ သင်သားကို ထည့်တွက်စဉ်းစားသင့်သည်။ ကိုးကားထားသော အဘယ်ကျမ်းချက်များကို သူနှင့်အတူ ဖတ်ရှုမည်နည်း။ အကြောင်းအရာ မည်မျှများများကို ခြုံငုံမိစေရန် ကြိုးစားမည်နည်း။ သင်ခန်းစာတွင် အဘယ်အချက်များက သင်သားအတွက် နားလည်ရ သို့မဟုတ် လက်ခံရခက်စေသနည်း။ ပေါ်ပေါက်လာနိုင်သည့် မေးခွန်းတချို့ကို ကျွန်ုပ်တို့ ကြိုတင်တွက်ဆနိုင်ပါက ထိရောက်စွာ တုံ့ပြန်ရန် ကောင်းစွာပြင်ဆင်ထားမည်ဖြစ်သည်။

၄။ ပြင်ဆင်မှုကောင်းတွင် အဘယ်အရာပါဝင်သနည်း။

၄ အကြောင်းအရာကို ပြန်သုံးသပ်ပါ– ယခင်က အကြောင်းအရာကို ကျွန်ုပ်တို့ အကြိမ်မည်မျှပင် လေ့လာခဲ့ပြီးဖြစ်ပါစေ ဤသင်သားနှင့်မူ ယင်းသည် ပထမဆုံးအကြိမ်ဖြစ်ပေလိမ့်မည်။ သင်သား၏နှလုံးကို ထိမိဖို့ဆိုလျှင် လေ့လာမှုတစ်ခုစီအတွက် ကောင်းစွာပြင်ဆင်ရန် အရေးကြီး၏။ ယင်းသည် သင်သားအား လုပ်ဆောင်ရန် ကျွန်ုပ်တို့ အားပေးတိုက်တွန်းသည့်အရာကို ကျွန်ုပ်တို့လုပ်ဆောင်နေခြင်းဖြစ်သည်။ သင်သားကို စိတ်စွဲမှတ်လျက် ကိုးကားထားသောကျမ်းချက်များအပါအဝင် အကြောင်းအရာကို ပြန်သုံးသပ်ပြီး ဖြစ်နိုင်ပါက အဓိကအချက်များကို မျဉ်းသားပါ။—ရော. ၂:၂၁၊ ၂၂။

၅။ ယေဟောဝါအား ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၅ ကျမ်းစာသင်သားတစ်ဦးစီ၏ တိုးတက်မှုကို ယေဟောဝါ အလွန်စိတ်ဝင်စားတော်မူ၏။ (၂ ပေ. ၃:၉) ကျမ်းစာသင်အံမှုတစ်ခုစီအတွက် ပြင်ဆင်ရန် အချိန်ယူခြင်းဖြင့် ထပ်တူမေတ္တာပါသောစိုးရိမ်မှုကို ကျွန်ုပ်တို့ပြသကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ