ကြေညာချက်များ
◼ ဇွန်တွင် ဝေငှမည့်စာပေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဇူလိုင်နှင့်သြဂုတ်– ကြေညာသူများသည် အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်ပါသည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ၊ စောင့်နေကြလော့!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [အင်္ဂလိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [အင်္ဂလိပ်]၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ။ စက်တင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဖြစ်နိုင်ပါက ကြေညာသူများသည် ဤစာအုပ်ကို ဝေငှခဲ့သည့် ဦးဆုံးအကြိမ်တွင်ပင် ကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားကြမည်။ ကျမ်းစာသင်အံမှုတစ်ခုကို အတိုချုပ်သရုပ်ပြခြင်းဖြင့် ယင်းစာပေမှ အိမ်ရှင်များ မည်သို့အကျိုးရယူနိုင်ကြောင်း ဖော်ပြပါ။