၂၀၀၉ ခုနှစ် ယေဟောဝါသက်သေများ၏ ပြည်လုံးကျွတ်စည်းဝေးကြီး
၁။ (က) ပြည်လုံးကျွတ်စည်းဝေးကြီးကို လေးရက်စလုံး တက်ရောက်ခြင်းဖြင့် အဘယ်ကောင်းချီးများ ကျွန်ုပ်တို့ခံစားရမည်နည်း။ (ခ) ယခု အဘယ်အစီအစဉ်များကို ရေးဆွဲထားသင့်သနည်း။
၁ ကျွန်ုပ်တို့အားလုံးသည် ၂၀၀၉ ခုနှစ် ပြည်လုံးကျွတ်စည်းဝေးကြီးနှင့် “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့” ဖြစ်သော ယေဟောဝါအား ချီးမွမ်းသူချင်းများနှင့် အတူတကွစုဝေးရန် အခွင့်အရေးသစ်များကို စောင့်မျှော်နေကြပါသည်။ (မ. ၅:၃) ယေဟောဝါ၏နေ့ကြီးသည် လျင်မြန်စွာချဉ်းကပ်လာနေသောကြောင့် လေးရက်စလုံးတက်ရောက်ရန် ယောက်တိုင်းအား ကျွန်ုပ်တို့တိုက်တွန်းပါသည်၊ သို့မှသာ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံနေရန် ဝိညာဏအားပေးမှုနှင့် နွေးထွေးသော ခရစ်ယာန်ပေါင်းသင်းမှုမှ အကျိုးအပြည့်အဝ ရရှိကြမည်ဖြစ်သည်။ (ဇေ. ၁:၁၄) ပြည်လုံးကျွတ်စည်းဝေးကြီးသည် သင့်ဝတ်ပြုရေး၏ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ကြောင်း ဆရာ/ဆရာမများနှင့် အလုပ်ရှင်များကို အသိပေးပါ။ သတ္တိရှိရှိဖြင့် စောစောစီးစီး အစီအစဉ်ဆွဲထားပြီး ယေဟောဝါ၏ကောင်းချီးရဖို့ ဆုတောင်းပါ၊ ကိုယ်တော်ထောက်မပေးမည်ကို သင် ယုံကြည်စိတ်ချနိုင်ပါသည်။—ဟေရှာ. ၅၀:၁၀။
၂။ ကျွန်ုပ်တို့၏ပြည်လုံးကျွတ်စည်းဝေးကြီးအတွက် အဘယ်အထူးအစီအစဉ်များ ပြုလုပ်ထားသနည်း။
၂ ပြည်လုံးကျွတ်စည်းဝေးကြီး– ပြည်လုံးကျွတ်စည်းဝေးကြီးကို ၂၀၀၉၊ ဒီဇင်ဘာ ၃–၆ ရက်တွင် ရန်ကုန်၌ ကျင်းပပါလိမ့်မည်။ အသင်းတော်အားလုံးထံ နောက်ပိုင်းရေးပို့မည့်စာတွင် အသုံးပြုမည့်အားကစားကွင်းကို အတည်ပြုပါလိမ့်မည်။ မြန်မာနိုင်ငံရှိ အသင်းတော်အားလုံးကို ပြည်လုံးကျွတ်စည်းဝေးကြီး တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။ အခြားနိုင်ငံများမှ ဧည့်သည်တချို့လည်း ကျွန်ုပ်တို့၏ပြည်လုံးကျွတ်စည်းဝေးကြီး၌ ရှိနေပါလိမ့်မည်။ ဤအစီအစဉ်အားလုံးတွင် ကျွန်ုပ်တို့၏ပူးပေါင်းလုပ်ဆောင်မှုသည် အလွန်အရေးကြီးပါလိမ့်မည်။—၁ ကော. ၁၄:၄၀; ဟေဗြဲ ၁၃:၁၇။
၃။ ပြည်လုံးကျွတ်စည်းဝေးကြီးကို တက်ရောက်ရန် ကျွန်ုပ်တို့သွားရာလမ်းတွင် ရှိကောင်းရှိနိုင်သည့် အတားအဆီးများကို ကျော်လွှားရန် အဘယ်အရာက ကူညီပေးမည်နည်း။
၃ ‘ထိုင်၍ ကုန်ကျစရိတ်ကို တွက်ချက်’ ရန်လိုအပ်ကြောင်း လုကာ ၁၄:၂၈ တွင် ယေရှုမိန့်ဆိုခဲ့သည်။ ရန်ကုန်သို့သွားရာတွင် ကုန်ကျမည့်ခရီးစရိတ်အတွက် ငွေမည်သို့စုဆောင်းမည်ကို မိသားစုလိုက် အတူတကွထိုင်ပြီး ဆွေးနွေးရန်အချိန်သည် ယခုပင်ဖြစ်သည်။ ယေဟောဝါအပေါ် ခိုင်ခံ့သောယုံကြည်ခြင်းတင်ပြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုယ်တော့်ထံ အဆက်မပြတ်ဆုတောင်းပါ။ သင်သည် ယေဟောဝါကို ယုံကြည်ကြောင်းတင်ပြပါက သင်သွားရာလမ်းရှိ တောင်ကဲ့သို့သော မည်သည့်အတားအဆီးကိုမဆို ကိုယ်တော် ဖယ်ရှားပေးနိုင်ပါသည်။—မ. ၁၇:၂၀။
၄။ ကျွန်ုပ်တို့၏ခရစ်ယာန်မေတ္တာကို အသင်းတော်ရှိ အချို့သောသူတို့အား မည်သို့ပြသနိုင်သနည်း။
၄ အခြားသူများတက်ရောက်ရန် ကူညီပေးခြင်း– သင့်အသင်းတော်ရှိ အချို့သောသူတို့သည် ပြည်လုံးကျွတ်စည်းဝေးကြီးကို တက်ရောက်ရန် အကူအညီလိုအပ်ပါသလော။ သင်သည် အခြားသူများကို ကူညီပေးသောအခါ “ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်” နေခြင်းဖြစ်သည်။—ဖိ. ၂:၄။
၅။ ပြည်လုံးကျွတ်စည်းဝေးကြီး၌ အဘယ်နေရာထိုင်ခင်းများတွင် တည်းခိုနိုင်ကြောင်း အသင်းတော်များ မည်သို့သိရှိကြမည်နည်း။
၅ နေရာထိုင်ခင်း– ပြည်လုံးကျွတ်စည်းဝေးကြီး တည်းခိုနေရာချထားရေးဌာနသည် ကျွန်ုပ်တို့၏ပြည်လုံးကျွတ်စည်းဝေးကြီးနှင့် အတူပူးပေါင်းလုပ်ဆောင်သော ဟိုတယ်များ၊ တည်းခိုခန်းများနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို အသင်းတော်အားလုံးထံ ပေးပို့ပါလိမ့်မည်။ ဟိုတယ် သို့မဟုတ် တည်းခိုခန်းတွင် တည်းခိုရန် ငွေကြေးတတ်နိုင်သော ကြေညာသူများသည် ထောက်ခံထားသော ဟိုတယ်များ၊ တည်းခိုခန်းများနှင့်သာ ဆက်သွယ်သင့်သည်။
၆။ အထူးအကူအညီလိုအပ်သော ကြေညာသူတစ်ဦးသည် နေရာထိုင်ခင်းနှင့်ပတ်သက်၍ တောင်းခံသောအခါ အဘယ်လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်နည်း။
၆ အသင်းတော်အတွင်းရေးမှူးများသည် ရန်ကုန်တွင် နေရာထိုင်ခင်းရရှိရန် အကူအညီတောင်းခံသော ကြေညာသူများအတွက် အထူးလိုအပ်သော အခန်းတောင်းခံလွှာ ပုံစံများကိုလည်း ရရှိပါလိမ့်မည်။ ကြေညာသူတစ်ဦးသည် အထူးလိုအပ်သော အခန်းတောင်းခံလွှာပုံစံကို ဖြည့်စွက်ရန် သတ်မှတ်ချက်ပြည့်မီခြင်းရှိမရှိ အသင်းတော်လုပ်ငန်းတော်ကော်မတီက ဆုံးဖြတ်ပါလိမ့်မည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံကို တည်းခိုနေရာချထားရေးဌာနသို့ မပေးပို့မီ သူတို့သည် ထိုပုံစံတွင်နှင့် အကြီးအကဲအဖွဲ့အားလုံးထံသို့ ပေးပို့ထားသောစာပါ လမ်းညွှန်ချက်များကို ပြန်လည်သုံးသပ်သင့်ပါသည်။
၇။ (က) ကျွန်ုပ်တို့သည် ဟိုတယ်တစ်ခုတွင် ကြိုတင်စာရင်းပေးသွင်းခြင်းကို မည်သို့ ဆက်၍ပြုလုပ်နိုင်သနည်း။ (ခ) ဟိုတယ်စီမံခန့်ခွဲရေးအဖွဲ့ရှေ့တွင် ကျွန်ုပ်တို့၏နာမည်ကောင်းကို ထိန်းသိမ်းရာ၌ အဘယ်သတိပေးချက်များက အထောက်အကူပေးမည်နည်း။ (“တည်းခိုနေရာချထားရေး ညွှန်ကြားချက်များ” လေးထောင့်ကွက်ကိုကြည့်ပါ။)
၇ ဟိုတယ်တွင် ကြိုတင်စာရင်းပေးခြင်း– တည်းခိုနိုင်သည့်ဟိုတယ်များစာရင်းကို ဩဂုတ် ၃ ရက်တွင်စမည့်အပတ်၏ လုပ်ငန်းတော်အစည်းအဝေးအပြီးတွင် ကြော်ငြာသင်ပုန်း၌ ကပ်ထားပါလိမ့်မည်။ ဟိုတယ်တွင် ကြိုတင်စာရင်းမပေးသွင်းမီ တည်းခိုနေရာချထားရေးညွှန်ကြားချက်များကို သေသေချာချာ ပြန်လည်သုံးသပ်ပါ။ သင်တည်းခိုမည့်ဟိုတယ်တွင် ကြိုတင်စာရင်းပေးသွင်းသောအခါ–
◼ စာရင်းမှဖုန်းနံပါတ်များကိုသုံးကာ နေ့ဘက်အလုပ်ချိန်အတွင်း ဟိုတယ်များသို့ဖုန်းခေါ်ဆိုပါ။
◼ သင်သည် ယေဟောဝါသက်သေများ၏ ပြည်လုံးကျွတ် စည်းဝေးကြီးသို့ လာတက်ရောက်သူဖြစ်ကြောင်း ဟိုတယ်ကိုအသိပေးပါ။
◼ ရောက်ရှိမည့်နေ့နှင့် ပြန်လည်ထွက်ခွာမည့်နေ့ရက်တို့ကို ပေးပါ။
◼ အခန်းအားလုံးသည် ကြိုတင်ငှားထားပြီးဖြစ်ပါက စာရင်းရှိနောက်ဟိုတယ်တစ်ခုကို ဆက်သွယ်ပါ။
◼ ကြိုတင်၍အခန်းယူထားကာ ရမည့်အခန်းနံပါတ်ကို တောင်းပါ။
၈။ ယောက်တိုင်းအား သင့်တော်သည့်နှုန်းနှင့် ဟိုတယ်ခန်းတစ်ခန်းရရှိရန် ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်သနည်း။
၈ အချို့သည် ဟိုတယ်များနှင့်ပတ်သက်၍ မိမိတို့ပိုမိုနှစ်သက်သည့် ဟိုတယ်များရှိမည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ သို့သော်၊ ကျွန်ုပ်တို့သည် စာရင်းတွင်မပါသော သို့မဟုတ် စာရင်းတွင်ဖော်ပြထားရာထက် ဈေးနှုန်းမြင့်သည့်အတွက် သဘောတူထားခြင်းမရှိသော ဟိုတယ်များကို အသုံးပြုသောအခါ တည်းခိုနေရာချထားရေးအစီအစဉ်ကို ထိခိုက်စေပါသည်။ ကျေးဇူးပြု၍ သင်အသုံးပြုရန် ရည်ရွယ်မထားသော အခန်းများတွင် ကြိုတင်စာရင်းမသွင်းပါနှင့်၊ သို့မဟုတ် အခြားဟိုတယ်တစ်ခုတွင် တည်းခိုရန် ဟိုတယ်၌ကြိုတင်စာရင်းသွင်းထားသည်ကို အနီးကပ်မှ မပယ်ဖျက်ပါနှင့်။ ဤအစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် သင်သည် ယောက်တိုင်းအား သင့်တော်သည့်နှုန်းနှင့် ဟိုတယ်အခန်းတစ်ခန်းရရှိရန် ကူညီပေးရာရောက်မည်။—၁ ကော. ၁၀:၂၄။
၉။ ၂၀၀၉ ခုနှစ် ပြည်လုံးကျွတ်စည်းဝေးကြီးအတွက် ကျွန်ုပ်တို့ပြင်ဆင်ရာတွင်နှင့် တက်ရောက်ရာတွင် ကျွန်ုပ်တို့အဓိကစိုးရိမ်ပူပန်ရာမှာ အဘယ်အရာဖြစ်သင့်သနည်း။
၉ ဘုရားသခင်အားဂုဏ်တင်သည့် အလုပ်များ– စည်းဝေးကြီးကျင်းပမည့် ရန်ကုန်မြို့ရှိ အခြားသူများနှင့် ဟိုတယ်ဝန်ထမ်းများကို ဆက်ဆံရာတွင် ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူကို အထူးဂရုစိုက်ကာ ကျွန်ုပ်တို့၏ကိစ္စအဝဝတွင် ဝိညာဏအရည်အသွေးများ ပြသသောအခါ ယေဟောဝါလူမျိုးတော်၏နာမည်ကောင်းကို မြှင့်တင်ပေးရာရောက်ပြီး အခြားသူများအား တိုက်မိ၍လဲစေခြင်းမှ ရှောင်ရှားရာရောက်သည်။ (၁ ကော. ၁၀:၃၁; ၂ ကော. ၆:၃၊ ၄) သင်သည် ဤနည်းများဖြင့် ၂၀၀၉ ခုနှစ် ပြည်လုံးကျွတ်စည်းဝေးကြီးကို တက်ရောက်ကာ အပြုအမူများအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်နိုင်ပါစေ။—၁ ပေ. ၂:၁၂။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
အစီအစဉ်အချိန်များ–
ဒီဇင်ဘာ ၃ ရက်၊ ကြာသပတေးနေ့
မွန်းလွဲ ၁:၂၀–၄:၄၅။
ဒီဇင်ဘာ ၄ ရက်၊ သောကြာနေ့
နံနက် ၉:၂၀–ညနေ ၅:၁၅။
ဒီဇင်ဘာ ၅ ရက်၊ စနေနေ့
နံနက် ၉:၂၀–ညနေ ၄:၅၀။
ဒီဇင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့
နံနက် ၉:၂၀–ညနေ ၄:၃၀။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
တည်းခိုနေရာချထားရေး ညွှန်ကြားချက်များ–
◼ ၂၀၀၉ ခုနှစ်၊ ဩဂုတ် ၃ ရက်အပတ်တွင်စမည့် လုပ်ငန်းတော်အစည်းအဝေးမတိုင်မီ ဟိုတယ်တွင် ကြိုတင် စာရင်းသွင်းခြင်း မလုပ်ပါနှင့်။
◼ ဩဂုတ်လတွင် ကြိုတင်စာရင်းသွင်းရန် ကြိုးစားပါ။
◼ ထောက်ခံထားသော ဟိုတယ်များတွင်သာ တည်းခိုပါ။
◼ စာရင်းတွင် ဖော်ပြထားသော ဈေးနှုန်းများကိုသာ လက်ခံပါ။
◼ အခန်းတစ်ခန်းစီကို အမှန်တကယ်တည်းခိုမည့်သူ၏ အမည်ဖြင့် စာရင်းပေးသင့်ပါသည်။
◼ ဟိုတယ်တစ်ခန်းစီတွင် ခွင့်ပြုထားသော လူကြီးအရေအတွက်ထက် ကျော်လွန်ခြင်းမရှိစေရန် မီးသတ်ဥပဒေက တောင်းဆိုလေ့ရှိသည်။
◼ သင်ဦးဆုံးကြိုတင်မှာယူထားသည့်အခန်းကို ယူပါ။ —မ. ၅:၃၇။
◼ ပြည်လုံးကျွတ်စည်းဝေးကြီးအတွက် ဈေးနှုန်းသတ်မှတ်ထားခြင်းရှိမရှိ မေးမြန်းရန် စာရင်းတွင်မပါသော ဟိုတယ်များကို မဆက်သွယ်ပါနှင့်။
◼ စာရင်းတွင်ပါသော ဟိုတယ်အားလုံးနှင့် ဆက်သွယ်ပြီးနောက် အခန်းအားလုံးပြည့်နေပြီဆိုပါက သို့မဟုတ် ဟိုတယ်နှင့် ပြဿနာရှိပါက သင့်အသင်းတော်အတွင်းရေးမှူးကို အသိပေးပါ။ သူသည် အသင်းတော်များထံပေးပို့ထားသော ဆက်သွယ်ရန်လိပ်စာကို အသုံးပြုကာ ပြည်လုံးကျွတ်စည်းဝေးကြီး တည်းခိုနေရာချထားရေးဌာနကို ဆက်သွယ်သင့်သည်။
◼ သင်သည် ကြိုတင်စာရင်းပေးထားခြင်းကို ပယ်ဖျက်ရန်သေချာပါက အတတ်နိုင်ဆုံး စောစီးစွာ ပြုလုပ်ပါ။ ပယ်ဖျက်သည့်နံပါတ်ကို လက်ခံရရှိကြောင်း သေချာစေပါ။