ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၉ စာ. ၂
  • သင်သားများအတွက် ‘သင့်အသက်ကိုပေးပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သားများအတွက် ‘သင့်အသက်ကိုပေးပါ’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၁၂/၀၉ စာ. ၂

သင်သားများအတွက် ‘သင့်အသက်ကိုပေးပါ’

၁။ ကျမ်းစာသင်သားတစ်ဦးကိုကူညီရန် အဘယ်အရာလိုအပ်သနည်း။

၁ ကျမ်းစာသင်သားတစ်ဦးကို ဆက်ကပ်အပ်နှံသည်အထိ ကူညီပေးရန်မှာ သူနှင့်ပုံမှန်ကျမ်းစာသင်အံမှုပြုလုပ်ခြင်းထက်မက ပို၍လိုအပ်သည်။ တမန်တော်ပေါလုသည် မိမိသွန်သင်ပေးသူများနှင့် မိမိစပ်ကြားဆက်ဆံရေးကို သားသမီးများအားပြုစုယုယသည့် နို့တိုက်မိခင်နှင့်နှိုင်းယှဉ်ခဲ့သည်။ သင်သားများနှင့် ဘုရားသခင်စပ်ကြားရှိ ဆက်ဆံရေးခိုင်ခံ့အောင်ကူညီရာတွင် ကျွန်ုပ်တို့လည်း “ကိုယ့်အသက်ကိုပင်” ပေးလိုစိတ်ရှိကြသည်။—၁ သက်. ၂:၇-၉။

၂။ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု အဘယ်ကြောင့်ပြသင့်သနည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။

၂ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ– ကျမ်းစာသင်သားတစ်ဦးသည် သူသင်ယူရာကို လက်တွေ့ကျင့်သုံးသည်နှင့်အမျှ ကျမ်းစာမူများမလိုက်နာသည့် အပေါင်းအသင်းများနှင့် တရင်းတနှီးပေါင်းသင်းခြင်းကို သူ့သြတ္တပ္ပစိတ်က ချက်ချင်းရပ်တန့်လိုက်စေသည်။ (၁ ပေ. ၄:၄) သူ့မိသားစုက သူ့ကိုပစ်ပယ်လိုက်ပေမည်။ (မ. ၁၀:၃၄-၃၆) ကျွန်ုပ်တို့သည် နွေးထွေးသည့်ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းဖြင့် သူ့စိတ်ထဲဟာတာတာဖြစ်နေမှုကို ဖြည့်စွက်ကာကူညီပေးနိုင်သည်။ အတွေ့အကြုံရှိသာသနာပြုတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ကျမ်းစာသင်ပြီးတာနဲ့ ချက်ချင်းထွက်မသွားနဲ့။ အဆင်ပြေမယ်ဆိုရင် ခဏတစ်ဖြုတ်ဆက်နေပြီး စကားပြောပါ။” သင်သားအား လက်တွေ့ကျအကူအညီပေးရန် နိုးနိုးကြားကြားရှိပါ။ ဥပမာ၊ သူဖျားနေချိန်တွင် သူ့ထံဖုန်းဆက်ခြင်း သို့မဟုတ် လည်ပတ်ခြင်းတို့ပြုလုပ်နိုင်သလော။ အစည်းအဝေးများ၌ သင်သားနှင့်အတူထိုင်ပြီး သင့်တော်ပါက သူ့ကလေးကို ဝိုင်းထိန်းပေးနိုင်ပါသလော။

၃။ ကျမ်းစာသင်သားအား အသင်းတော်မှ အားပေးမှုရရှိစေရန် ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်သနည်း။

၃ အသင်းတော်မှအကူအညီ– သင့်ကျမ်းစာသင်သား၏အိမ်အနီးတွင် အမှုဆောင်ပါက သင့်လုပ်ဖော်ဆောင်ဖက်များနှင့်မိတ်ဆက်ပေးရန် ခဏတစ်ဖြုတ်လည်ပတ်ပါလေ။ သင့်လျော်သည့်အခါ သင်အံမှုသို့ သင်နှင့်အတူလိုက်ပါရန် အကြီးအကဲများအပါအဝင် ကြေညာသူအသီးသီးကို ရံဖန်ရံခါဖိတ်ခေါ်ပါလေ။ သင်အံမှုတစ်ခုစပြီးမကြာမီ နိုင်ငံတော်ခန်းမရှိ အစည်းအဝေးများသို့တက်ရောက်ရန်လည်း သင့်ကျမ်းစာသင်သားကို အားပေးပါ။ ယင်းက သူ၏ခရစ်ယာန်မိသားစုဖြစ်လာမည့် အသင်းသူအသင်းသားများနှင့် တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှုတွင် ပျော်ရွှင်စေပါလိမ့်မည်။—မာ. ၁၀:၂၉၊ ၃၀; ဟေဗြဲ ၁၀:၂၄-၂၅။

၄။ ကျွန်ုပ်တို့၏လုံ့လဝီရိယကြောင့် မည်သို့အကျိုးကျေးဇူးရရှိနိုင်သနည်း။

၄ မိမိကလေးများကို ဘုရားနှင့်ရင်းနှီးသောဆက်ဆံရေးရှိအောင် မမောနိုင်မပန်းနိုင်ကူညီပေးသော မိဘတစ်ဦးသည် သူတို့လေးများ ယေဟောဝါဘက်ရပ်တည်ပြီး အမှန်တရားလမ်းပေါ်လျှောက်လှမ်းသောအခါ အလွန်ဝမ်းသာသည်။ (၃ ယော. ၄) ကျွန်ုပ်တို့လည်း မိမိတို့၏ကျမ်းစာသင်သားများအား ကျွန်ုပ်တို့၏အသက်ကိုပေးလိုစိတ်ဖြင့် ကူညီပေးသည်နှင့်အမျှ အလားတူရွှင်လန်း၀မ်းမြောက်မှုမျိုး ခံစားနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ