လယ်ကွင်းလုပ်ငန်းပေါ်လွင်ချက်များ
ဒီလမှာ ရန်ကုန်မြို့ကစပြီး ၂၀၁၀-၂၀၁၁ ခုနှစ်၊ “ယေဟောဝါနှင့်နီးကပ်စွာနေလော့” ခရိုင်စည်းဝေးကြီးကို အစပြုကျင်းပပါပြီ။ နောက်ကျန်တဲ့ ၁၁ ခုကိုလည်း သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ နို၀င်ဘာလဆန်းအထိ တောက်လျှောက်ကျင်းပသွားပါမယ်။ သစ္စာရှိကျေးကျွန်ရဲ့အချိန်တန်အစာအတွက် အားလုံးရွှင်လန်းကြမယ်လို့ မျှော်လင့်ပါတယ်။ စည်းဝေးကြီးတက်တဲ့လမှာ သင်အံမှုတွေမကျဆင်းစေဖို့ တစ်လအတွင်း သင်အံမှုတစ်ခါတည်းကျင်းပရရင်တောင် သင်အံမှုတစ်ခုအဖြစ် မှတ်တမ်းသွင်းဖို့ မမေ့ကြပါနဲ့။