သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်ကြမည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၀၊ စက်တင်ဘာ ၆ မှ အောက်တိုဘာ ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ ဘုရင်အာဇရိ (ဩဇိ) ၏ဘဝကို သုံးသပ်ခြင်းမှ အဘယ် သင်ခန်းစာ သင်ယူနိုင်သနည်း။ (၄ ရာ. ၁၅:၁-၆) [က၉၁ ၇/၁၅ စ. ၂၉-၃၀]
၂။ ယုဒဘုရင် ယောသံသည် ၁၆ နှစ်သာအုပ်စိုးခဲ့ရာ ၄ ဓမ္မရာဇ၀င် ၁၅:၃၀ တွင် “နန်းစံနှစ်ဆယ်တွင်” ဟု အဘယ်ကြောင့် ရည်ညွှန်းထားသနည်း။ (၆ ရာ. ၂၇:၇၊ ၈) [it-2 စ. ၁၁၉ အပိုဒ် ၅]
၃။ ၄ ဓမ္မရာဇဝင် ၁၇:၂၉ တွင်ဖော်ပြထားသော “ရှမာရိမြို့သား” များကား မည်သူတို့နည်း။ [it-2 စ. ၈၄၇ အပိုဒ် ၇]
၄။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို အဘယ်ကြောင့် “စီမံပြဋ္ဌာန်း” သနည်း။ (၄ ရာ. ၁၉:၂၅၊ သမ္မာ) [က၉၉ ၈/၁၅ စ. ၁၄ အပိုဒ် ၃]
၅။ ဂျေရုဆလင်မြို့ လူသူဆိတ်သုန်းမည့် အနှစ်ခုနစ်ဆယ် စတင်မည့်အချိန်ကို ၄ ဓမ္မရာဇဝင် ၂၅:၈၊ ၂၅၊ ၂၆ တွင် မည်သို့ဖော်ပြထားသနည်း။ [it-1 စ. ၄၁၅ အပိုဒ် ၆–စ. ၄၁၆ အပိုဒ် ၁-၂; စ. ၄၆၃ အပိုဒ် ၄]
၆။ ၁ ဓမ္မရာဇဝင် ၁၆:၁၀၊ ၁၁ တွင် ဒါဝိဒ်အား ယေရှဲ၏ အဋ္ဌမမြောက်သားအဖြစ်ဖော်ပြထားပြီး ဧဇရက အဘယ်ကြောင့် သတ္တမမြောက်သားအဖြစ် ဖော်ပြထားသနည်း။ (၅ ရာ. ၂:၁၅၊ သမ္မာ) [က၀၂ ၉/၁၅ စ. ၃၁]
၇။ ရှေးဂိလဒ်ပြည်သားတို့၏ ပုံနမူနာကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ (၅ ရာ. ၅:၁၀၊ ၁၈-၂၂) [က၀၅ ၁၀/၁ စ. ၉ အပိုဒ် ၇]
၈။ လေဝိသားတံခါးစောင့်များ၏ ပုံနမူနာကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ (၅ ရာ. ၉:၂၆၊ ၂၇) [က၀၅ ၁၀/၁ စ. ၉ အပိုဒ် ၈]
၉။ သီချင်းသီဆိုခြင်းသည် ရှေးအစ္စရေးလူမျိုးအဖို့ မည်မျှအရေးပါသနည်း။ (၅ ရာ. ၉:၃၃) it-2 စ. ၄၅၂ အပိုဒ် ၉]
၁၀။ ၁ ရာဇဝင်ချုပ် ၁၃:၁၁ [ကဘ] တွင် ဖော်ပြထားသော ဒါဝိဒ်၏တုံ့ပြန်ပုံတွင် အဘယ်အရာမှားယွင်းနေသနည်း။ [က၀၅ ၁၀/၁ စ. ၁၁]