ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၀ စာ. ၁
  • အချိန်အခါတိုင်း အသုံးပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်အခါတိုင်း အသုံးပြုပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ သင်အံမှုများစရန် ကိရိယာသစ်တစ်ခုရရှိထား!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဝက်ဘ်ဆိုက်ဝေစာအသစ်ကို အသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အထူးဝေစာကင်ပိန်း အောက်တိုဘာ ၂၀–နိုဝင်ဘာ ၁၆!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၁၂/၁၀ စာ. ၁

အချိန်အခါတိုင်း အသုံးပြုပါ

၁။ အမှန်တရားသိလိုပါသလော ဝေစာက ဘာလုပ်ဖို့အတွက် အသုံးဝင်ပါသလဲ။

၁ အမှန်တရားကို သင်သိလိုပါသလော ဝေစာက ကျမ်းစာသင်အံမှုတွေစတင်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အမှန်တရားမျိုးစေ့ကြဲဖြန့်ရာမှာအသုံးပြုနိုင်တဲ့ ထိရောက်တဲ့ကိရိယာတစ်ခုလည်းဖြစ်တယ်။ (ဒေ. ၁၁:၆) ဒီဝေစာကို ကောင်းစွာအသုံးပြုနိုင်ဖို့အကူအညီဖြစ်စေမယ့် အကြံပြုချက်တချို့ကို အောက်မှာဖော်ပြထားပါတယ်။

၂။ စကားစမြည်စတင်ဖို့ ဝေစာကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

၂ စကားစမြည်စတင်ရန်– အိမ်ရှင်ကို ဒီဝေစာပေးပြီးတဲ့နောက် မျက်နှာဖုံးပါ မေးခွန်းခြောက်ခုကိုညွှန်ပြပြီး ဒီလိုမေးနိုင်တယ်– “ဒီမေးခွန်းတွေထဲက ဘယ်တစ်ခုကို မိတ်ဆွေ သိချင်သလဲ။” တုံ့ပြန်မှုရရှိပြီးနောက် အိမ်ရှင်သိချင်တဲ့မေးခွန်းတွေထဲကတစ်ခုအတွက် ကျမ်းစာရဲ့အဖြေကို ဝေစာထဲကနေ သုံးသပ်ပါ၊ ပြီးနောက် ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ကိုဖတ်ပါ။ ဝေစာရဲ့နောက်ကျောကို ဖတ်ပါ ဒါမှမဟုတ် အတိုချုပ်သုံးသပ်ပါ၊ ပြီးနောက် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဝေငှပါ။ စာအုပ်ကို သူလက်မခံရင်တောင် ဝေစာကိုသူလက်ခံထားတဲ့အတွက် အဲဒါက အမှန်တရားကို သူ့နှလုံးမှာအမြစ်တွယ်သွားစေနိုင်ပါတယ်။—မ. ၁၃:၂၃။

၃။ အိမ်ရှင်အလုပ်များနေတယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

၃ အိမ်ရှင် အလုပ်များနေတဲ့အခါ– ဒီလိုပြောနိုင်တယ်– “အခု သိပ်အဆင်မပြေဘူးဆိုတော့ ဒီဝေစာလေး ထားခဲ့လို့ရမလား။ ကျွန်တော်တို့အများစုမေးတတ်ကြတဲ့ မေးခွန်းခြောက်ခုကို ဒီဝေစာထဲမှာဖော်ပြထားပြီး အဲဒီမေးခွန်းတစ်ခုစီရဲ့အဖြေကို ကျမ်းစာကနေ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ နောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါ မိတ်ဆွေရဲ့အမြင်ကို ပြောပြလို့ရမလား။”

၄။ လမ်းပေါ်သက်သေခံနေချိန် ဝေစာဝေငှတဲ့အခါ ဘာပြောနိုင်သလဲ။

၄ လမ်းပေါ်သက်သေခံနေချိန်– ဒီလိုပြောနိုင်တယ်– “မင်္ဂလာပါ။ ဒီမေးခွန်းတွေထဲက တစ်ခုခုကိုစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာထဲမှာတွေ့ရတဲ့ ရှင်းလင်းပြီး ကျေနပ်လောက်ဖွယ်အဖြေကို ဒီဝေစာထဲမှာ ဖော်ပြထားပါတယ်။” နားထောင်နေသူက သိပ်အလောမကြီးဘူးဆိုရင် ဝေစာထဲက အဖြေတစ်ခုခုကို သူနဲ့ဆွေးနွေးနိုင်တဲ့အပြင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကိုတောင် ဝေငှနိုင်တယ်။

၅။ လူမရှိတဲ့အိမ်တွေမှာ ဝေစာကို အခါအားလျော်စွာ ဘယ်လိုအသုံးပြုနိုင်သလဲ။

၅ လူမရှိသောအိမ်များ– ရပ်ကွက်တချို့မှာ ကြေညာသူတွေက လူမရှိတဲ့အိမ်တွေမှာ စာပေတွေကို ဖြတ်သွားဖြတ်လာတွေ မမြင်ရတဲ့နေရာမှာ ထားလေ့ရှိတယ်။ သင့်အသင်းတော်မှာလည်း အဲဒီလိုလုပ်လေ့ရှိတယ်ဆိုရင် အမှန်တရားကိုသိလိုပါသလော ဝေစာကို အခါအားလျော်စွာ ထားခဲ့နိုင်ပါတယ်။ ပြန်လည်ပတ်မှုလုပ်တဲ့အခါ ဒီလိုပြောနိုင်တယ်– “အရင်တစ်ခေါက် ဒီနေရာကိုလာတုန်းက မိတ်ဆွေ အိမ်မှာမရှိဘူး၊ ဒါကြောင့် မိတ်ဆွေရဲ့တံခါးဝမှာ ဒီဝေစာကို ကျွန်တော်တို့ထားခဲ့တယ်။ ဒီမေးခွန်းတွေထဲက ဘယ်တစ်ခုကို မိတ်ဆွေသိချင်သလဲ။”

၆။ ဘယ်အချက်တွေက အမှန်တရားကို သိလိုပါသလောဝေစာကို ဟောပြောခြင်းလုပ်ငန်းမှာ ထိရောက်တဲ့ကိရိယာဖြစ်စေသလဲ။

၆ အမှန်တရားကိုသိလိုပါသလောဝေစာက အမှန်တရားကို ရိုးရိုးရှင်းရှင်း၊ တိုက်ရိုက်ကျတဲ့နည်းနဲ့ဖော်ပြထားတယ်။ အဲဒီဝေစာက ဘာသာရေးနဲ့ ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးရှိတဲ့သူတွေကို ဆွဲဆောင်နိုင်တယ်။ တင်ဆက်ဖို့လွယ်ကူပြီး လူငယ်နဲ့ ကြေညာသူအသစ်တွေတောင် ဒါကို ဝေငှနိုင်တယ်။ သင့်တော်တဲ့အခါတိုင်း အဲဒါကို သင်အသုံးပြုပါသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ