ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၂ စာ. ၂-၃
  • တိကျတဲ့မှတ်တမ်းရရှိဖို့ သင်ကူညီပေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိကျတဲ့မှတ်တမ်းရရှိဖို့ သင်ကူညီပေးသလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၄/၁၂ စာ. ၂-၃

တိကျတဲ့မှတ်တမ်းရရှိဖို့ သင်ကူညီပေးသလား

၁ ကျမ်းစာမှတ်တမ်းများစွာမှာ တိကျတဲ့ကိန်းဂဏန်းတွေပါရှိပြီး အဲဒါတွေက ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကွက်ကွက်ကွင်းကွင်းပုံပေါ်စေတယ်။ ဥပမာ၊ ဂိဒေါင်က မိဒျန်စခန်းကို လူ ၃၀၀ နဲ့ပဲ နှိမ်နင်းခဲ့တယ်။ (သူကြီး. ၇:၇) ယေဟောဝါရဲ့ကောင်းကင်တမန်က အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုရှင်းပစ်ခဲ့တယ်။ (၄ ရာ. ၁၉:၃၅) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့မှာ လူ ၃,၀၀၀ လောက်နှစ်ခြင်းခံခဲ့တယ်၊ အဲဒီနောက် မကြာခင်မှာပဲ ယုံကြည်သူအရေအတွက်က ၅,၀၀၀ လောက်အထိတိုးများလာခဲ့တယ်။ (တ. ၂:၄၁; ၄:၄) ဘုရားသခင်ရဲ့ရှေးခေတ်ကျေးကျွန်တွေက ပြည့်စုံတိကျတဲ့မှတ်တမ်းတစ်ခုပြုစုဖို့ တော်တော်လေးကြိုးစားခဲ့ကြတယ်ဆိုတာကို အဲဒီမှတ်တမ်းတွေကဖော်ပြတယ်။

၂ ဒီနေ့ ယေဟောဝါရဲ့အဖွဲ့အစည်းဟာ လစဉ်လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မှတ်တမ်းပေးဖို့ ကျွန်ုပ်တို့ကိုညွှန်ကြားတယ်။ ဒီအစီအစဉ်ကို သစ္စာရှိရှိပူးပေါင်းဆောင်ရွက်ခြင်းက ဟောပြောခြင်းလုပ်ငန်းကို ထိထိရောက်ရောက်ကြီးကြပ်နိုင်စေတယ်။ အမှုဆောင်လုပ်ငန်းရဲ့ကဏ္ဍတစ်ခုကို အာရုံစိုက်ဖို့လိုနေတယ် ဒါမှမဟုတ် တချို့လယ်ကွင်းမှာ နောက်ထပ်လုပ်သားတွေ လိုအပ်နေတယ် စတာတွေကို မှတ်တမ်းတွေကဖော်ပြနိုင်တယ်။ အသင်းတော်မှာ လယ်ကွင်းလုပ်ငန်းမှတ်တမ်းတွေက တိုးချဲ့အမှုဆောင်ဖို့ အလားအလာရှိသူတွေကိုရော အကူအညီလိုအပ်တဲ့သူတွေကိုပါ ခွဲခြားသိရှိဖို့ အကြီးအကဲတွေကို ကူညီပေးတယ်။ အဲဒီအပြင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုမှတ်တမ်းတွေက ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအတွက် အားပေးမှုဖြစ်စေတယ်။ တိကျတဲ့မှတ်တမ်းတစ်ခုဖြစ်စေဖို့ သင်ဟာ ကိုယ့်အပိုင်းကို လုပ်ဆောင်နေသလား။

၃ သင့်တာဝန်– လကုန်တဲ့အခါ အမှုဆောင်လုပ်ငန်းမှာ သင်လုပ်ဆောင်ခဲ့ရာတွေကို မှတ်မိဖို့အခက်တွေ့သလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် လယ်ကွင်းလုပ်ငန်းမှာ သင်ပါဝင်တဲ့အခါတိုင်း သင့်ရဲ့လုပ်ဆောင်မှုကို ရေးမှတ်ထားပါ။ တချို့က ပြက္ခဒိန် ဒါမှမဟုတ် နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ်ကို အသုံးပြုကြတယ်။ တခြားသူတွေကတော့ လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်အလွတ်တစ်ခုကို ဆောင်ထားကြတယ်။ လကုန်တဲ့အခါ သင့်မှတ်တမ်းကို သင့်အုပ်စုကြီးကြပ်မှူးကို ချက်ချင်းပေးပါ။ ဒါမှမဟုတ် သင့်ရဲ့မှတ်တမ်းကို နိုင်ငံတော်ခန်းမမှာရှိတဲ့ မှတ်တမ်းသေတ္တာမှာ ထည့်နိုင်တယ်။ သင် မှတ်တမ်းပေးဖို့မေ့သွားတယ်ဆိုရင် သင့်ထံအလာကိုစောင့်နေမယ့်အစား သင့်ရဲ့အုပ်စုကြီးကြပ်မှူးကို ချက်ချင်းဆက်သွယ်ပါ။ အသိရှိရှိတာဝန်သိသိနဲ့ သင့်ရဲ့လုပ်ဆောင်မှုမှတ်တမ်းပေးခြင်းက ယေဟောဝါရဲ့အစီအစဉ်ကိုလေးစားကြောင်း၊ မှတ်တမ်းတွေကောက်ယူစာရင်းပြုစုဖို့ တာဝန်ရထားတဲ့ညီအစ်ကိုတွေအပေါ် မေတ္တာပါတဲ့ထောက်ထားစာနာမှုရှိကြောင်း ဖော်ပြရာရောက်တယ်။—လု. ၁၆:၁၀။

၄ အုပ်စုကြီးကြပ်မှူးရဲ့ကဏ္ဍ– နိုးကြားပြီး ဂရုစိုက်တတ်တဲ့သိုးထိန်းတစ်ဦးအနေနဲ့ အုပ်စုကြီးကြပ်မှူးဟာ တစ်လလုံးအတွင်း အုပ်စုရဲ့လုပ်ဆောင်မှုကိုစိတ်ဝင်စားတယ်။ (သု. ၂၇:၂၃) သူဟာ ကြေညာသူတိုင်းက အမှုဆောင်လုပ်ငန်းမှာ မှန်မှန်၊ အဓိပ္ပာယ်ရှိရှိနဲ့ ရွှင်လန်းစွာပါဝင်နေမနေသိရှိပြီး တစ်ယောက်ယောက်က တစ်လလုံးမှာ တစ်ခါမှမပါဝင်ဘူးဆိုရင် အလျင်အမြန်အကူအညီပေးပါတယ်။ အားပေးစကားတစ်ခွန်း၊ လက်တွေ့ကျအကြံပြုချက်တစ်ခု ဒါမှမဟုတ် လယ်ကွင်းလုပ်ငန်းမှာ သူနဲ့အတူပါဝင်ဖို့ ဖိတ်ခေါ်ချက်တစ်ခုက အဲဒီသူလိုအပ်တဲ့အရာတွေဖြစ်လေ့ရှိတယ်။

၅ လကုန်တဲ့အခါ အတွင်းရေးမှူးက နောက်လ ၂၀ ရက်နေ့အရောက် ဌာနခွဲရုံးကို တိကျတဲ့အသင်းတော်မှတ်တမ်း ပေးပို့နိုင်ဖို့ အုပ်စုကြီးကြပ်မှူးက အုပ်စုရှိသူအားလုံး သူတို့ရဲ့လုပ်ဆောင်မှုမှတ်တမ်းပေးတဲ့တာဝန်ကျေပွန်ကြတယ်ဆိုတာကို သေချာအောင် လုပ်ဆောင်ပါတယ်။ လကုန်ခါနီးမှာ အုပ်စုကို နှိုးဆော်ပြီး မှတ်တမ်းစာရွက်တွေပေးခြင်းက သူ့အတွက် အထောက်အကူပြုပါလိမ့်မယ်။ တစ်ယောက်ယောက်က မှတ်တမ်းပေးဖို့မေ့နေရင် သူက သင့်လျော်သလို နှိုးဆော်အားပေးနိုင်တယ်။

၆ ကျွန်ုပ်တို့ရဲ့လယ်ကွင်းလုပ်ငန်းမှတ်တမ်းတွေကို အချိန်မီပေးခြင်းက လယ်ကွင်းမှာ ပြီးမြောက်ခဲ့ရာတွေကို အတိအကျဖော်ပြတဲ့ မှတ်တမ်းတစ်ခုကိုပြုစုဖို့ အထောက်အကူဖြစ်စေတယ်။ လစဉ် သင့်ရဲ့လုပ်ဆောင်မှုကို အချိန်မီမှတ်တမ်းပေးခြင်းအားဖြင့် သင့်အပိုင်းကို သင် လုပ်ဆောင်မလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ