ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၁၂ စာ. ၈
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၈/၁၂ စာ. ၈

နမူနာတင်ဆက်နည်းများ

စက်တင်ဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်

“ကနေ့ခေတ်မှာ လူတွေက ယေရှုလို့ ပြောလိုက်တာနဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က အသက်ရှင်ခဲ့တဲ့သူ ဒါမှမဟုတ် နွားစားခွက်က ကလေးလေးတစ်ယောက် ဒါမှမဟုတ် ညှဉ်းဆဲရာသစ်တိုင်မှာ ချိတ်ဆွဲခံနေရတဲ့သူဆိုပြီး မြင်ယောင်တတ်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာ ယေရှု ဘာလုပ်နေမယ်လို့ မိတ်ဆွေ ထင်ပါသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီမဂ္ဂဇင်းမှာ ဘာပြောထားသလဲဆိုတာ သတိပြုကြည့်ပါ။” အိမ်ရှင်ကို ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ပေးပြီး စာမျက်နှာ ၁၆၊ ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာနဲ့ အနည်းဆုံး ကျမ်းချက်တစ်ချက်ကို အတူတကွ သုံးသပ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ သူ့ဆီ ပြန်လည်ပတ်ပြီး ဆွေးနွေးနိုင်အောင် နောက်မေးခွန်းတစ်ခု ထားခဲ့ပါ။

ကင်းမျှော်စင် ဩဂုတ် ၁

“အံ့ဖွယ်အမှုတွေကို လူတော်တော်များများ ယုံကြည်ကြတယ်။ တချို့ကျတော့ အယုံအကြည်မရှိကြပါဘူး။ မိတ်ဆွေကော၊ အံ့ဖွယ်အမှုတွေ တကယ်ရှိတယ်ဆိုတာကို ယုံကြည်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီမှာဖော်ပြထားတဲ့အတိုင်း အနာဂတ်မှာဖြစ်မယ့် အံ့ဖွယ်အမှုတစ်ခုက လူတော်တော်များများကို မျှော်လင့်ချက်ရှိစေခဲ့ပါပြီ။ [စာမျက်နှာ ၉-၁၀ က ကျမ်းချက်တစ်ချက်ချက်ကို ဖတ်ပြပါ။] အံ့ဖွယ်အမှုတွေနဲ့ပတ်သက်ပြီး လူပြောများတဲ့ ကန့်ကွက်ချက်သုံးခုကို ဒီမဂ္ဂဇင်းမှာ ချေပထားပါတယ်။”

နိုးလော့! ဩဂုတ်

“အခုခေတ်မှာ လူတော်တော်များများက အပြင်ကို တစ်ယောက်တည်း မသွားရဲကြတော့ဘူး၊ အထူးသဖြင့် ညပိုင်းမှာဖြစ်တယ်။ ဒီကမ္ဘာပေါ်မှာ အကြမ်းဖက်မှု လျော့နည်းသွားအောင် လုပ်နိုင်မယ့်အရာ တစ်ခုခုကို မိတ်ဆွေ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] တခြားသူတွေနဲ့ သင့်မြတ်အောင် နေတတ်တဲ့သူတွေ ဖြစ်လာဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့်အရာတချို့ကို ဒီမဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။ ဒါ့အပြင် အားရှိစရာကောင်းတဲ့ ဒီကြိုဟောချက် ဘယ်လိုပြည့်စုံလာတော့မယ် ဆိုတဲ့အကြောင်းလည်း ဆွေးနွေးထားပါတယ်။” ဆာလံ ၇၂:၇ ကိုဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ