အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း —အကူအညီဖြစ်တဲ့တွဲဖက်
ဘာကြောင့်အရေးကြီး– နှစ်ယောက်အတူတူတွဲ အမှုဆောင်ရခြင်းရဲ့ အကျိုးကျေးဇူးကို ယေရှု အသိအမှတ်ပြုခဲ့တယ်။ ဒါကြောင့် သူ့ရှေ့အရင်သွားပြီး ဟောပြောဖို့ တပည့် ၇၀ ကို စေလွှတ်တဲ့အခါ နှစ်ယောက်စီ တွဲပေးခဲ့တယ်။ (လု. ၁၀:၁) ကိုယ့်ရဲ့တွဲဖက်က အိမ်ရှင်ကို ဘယ်လိုပြန်ပြောရမလဲဆိုတာ မသိတဲ့အချိန်၊ အခက်အခဲ ကြုံတွေ့လာတဲ့အချိန်မှာ လိုအပ်တဲ့အကူအညီ ပေးနိုင်ပါတယ်။ (ဒေ. ၄:၉၊ ၁၀) တွဲဖက်က သူရဲ့အတွေ့အကြုံကို ဝေမျှပေးနိုင်တယ်။ ဒီအပြင် ကိုယ်ရဲ့အဖော်ကို ပိုထိရောက်တဲ့ အမှုဆောင်သူဖြစ်နိုင်ဖို့ လိုအပ်တဲ့အကြုံပြုချက်တွေကိုလည်း တစ်ခါတစ်ခါ ပေးနိုင်ပါတယ်။ (သု. ၂၇:၁၇) တစ်အိမ်မှတစ်အိမ် အကူးမှာ တည်ဆောက်မှုဖြစ်စေတဲ့ စကားတွေပြောပြီး အားပေးနိုင်ပါတယ်။—ဖိ. ၄:၈။
ဒီလအတွင်း ဒီအချက်ကို ကြိုးစားလုပ်ဆောင်ကြည့်ပါ–
အတူတူ အမှုဆောင်ထွက်ပြီးတဲ့အခါ တွဲဖက်ပြောလိုက်တဲ့စကား၊ သူ့ရဲ့အပြုအမူတစ်ခုခုက ကိုယ့်အတွက် အကူအညီဖြစ်ကြောင်း ချီးမွမ်းပေးပါ။