ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၄၊ ဇွန် ၃၀ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
ဖျော်ဖြေရေးနဲ့ အပန်းဖြေမှုရွေးချယ်ရာမှာ ထွက်မြောက်ရာ ၂၃:၂ မှာပါတဲ့ လမ်းညွှန်ချက်ကို ထည့်စဉ်းစားဖို့ ဘာကြောင့်အရေးကြီးသလဲ။ [မေ ၅၊ က၁၁ ၇/၁၅ စ. ၁၀-၁၁ ပိုဒ်. ၃-၇]
ယဇ်ပုရောဟိတ်တွေဟာ ယဇ်မပူဇော်ခင်မှာ ခြေလက်ဆေးကြောရမယ်ဆိုတဲ့ ပညတ်ကို လိုက်နာဖို့ ဘာကြောင့်အရေးကြီးသလဲ။ အဲဒီပညတ်က ဘာကြောင့် ယနေ့ ဘုရားကျေးကျွန်တွေအတွက် ထိရောက်တဲ့သတိပေးချက်ဖြစ်သလဲ။ (ထွ. ၃၀:၁၈-၂၁) [မေ ၁၉၊ က၉၆ ၇/၁ စ. ၉ ပိုဒ်. ၉]
အာရုန်ဟာ ရွှေနွားရုပ်လုပ်ပေမဲ့ ဘာကြောင့် အပြစ်ပေးမခံရတာလဲ။ (ထွ. ၃၂:၁-၈၊ ၂၅-၃၅) [မေ ၁၉၊ က၀၄ ၃/၁၅ စ. ၂၇ ပိုဒ်. ၄]
အစ္စရေးလူမျိုးကို တခြားဘုရားတွေကို ကိုးကွယ်တဲ့သူတွေနဲ့ အိမ်ထောင်မပြုဖို့ ဘုရားသခင်တားမြစ်ထားတဲ့အချက်က ပိုးပန်းခြင်း၊ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့ ခရစ်ယာန်တွေရဲ့အမြင်နဲ့ ဘယ်လို သက်ဆိုင်သလဲ။ (ထွ. ၃၄:၁၂-၁၆) [မေ ၂၆၊ က၉၀ ၁၁/၁ စ. ၂၁-၂၂ ပိုဒ်. ၁၁-၁၃]
ဗေဇလေလနဲ့ အဟောလျဘရဲ့အဖြစ်အပျက်က ဘာကြောင့် ကျွန်ုပ်တို့အတွက် အထူးအားပေးမှုဖြစ်သလဲ။ (ထွ. ၃၅:၃၀-၃၅) [မေ ၂၆၊ က၁၀ ၉/၁၅ စ. ၁၀ ပိုဒ်. ၁၃]
အစ္စရေးယဇ်ပုရောဟိတ်မင်းရဲ့ ခေါင်းပေါင်းမှာ တပ်ထားတဲ့ “သန့်ရှင်းမြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်းအမှတ်အသား” က ဘာကို သတိပေးသလဲ၊ အဲဒီအမှတ်အသားက ဆက်ကပ်အပ်နှံခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။ (ထွ. ၃၉:၃၀၊ ကဘ) [ဇွန် ၂၊ က၀၁ ၂/၁ စ. ၁၄ ပိုဒ်. ၂-၃]
ခရစ်ယာန်ချင်းတစ်ဦးပြုလုပ်တဲ့ ကြီးလေးတဲ့အမှားကို ပြောပြဖို့ ဘာကြောင့် ခရစ်ယာန်အားလုံးမှာ တာဝန်ရှိသလဲ။ (ဝတ်. ၅:၁) [ဇွန် ၉၊ က၉၇ ၈/၁၅ စ. ၂၇]
အစ္စရေးလူမျိုးအချိန်တုန်းက သင့်မြတ်ပြေငြိမ်းရာယဇ်တွေက ဘယ်အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်သလဲ။ အဲဒါက ယနေ့အချိန်မှာ ဘာအဓိပ္ပာယ်ရှိသလဲ။ (ဝတ်. ၇:၃၁-၃၃) [ဇွန် ၁၆၊ က၁၂ ၁/၁၅ စ. ၁၉ ပိုဒ်. ၁၁-၁၂]
အာရုန်ရဲ့သားတွေဖြစ်တဲ့ နာဒပ်နဲ့အဘိဟု ဘာအပြစ် ကျူးလွန်ခဲ့သလဲ။ အဲဒီကနေ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ (ဝတ်. ၁၀:၁၊ ၂၊ ၉) [ဇွန် ၂၃၊ က၀၄ ၅/၁၅ စ. ၂၂ ပိုဒ်. ၇-၉]
ကလေးမွေးဖွားခြင်းက ဘာကြောင့် အမျိုးသမီးတစ်ဦးကို “မစင်ကြယ်” ဖြစ်စေသလဲ။ (ဝတ်. ၁၂:၂၊ ၅) [ဇွန် ၂၃၊ က၀၄ ၅/၁၅ စ. ၂၃ ပိုဒ်. ၂]