ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၄ စာ. ၂-၃
  • ကျမ်းစာကို ထိထိရောက်ရောက် သင်ပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ထိထိရောက်ရောက် သင်ပေးခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၁၂/၁၄ စာ. ၂-၃

ကျမ်းစာကို ထိထိရောက်ရောက် သင်ပေးခြင်း

၁။ ကျမ်းစာသင်ပေးတဲ့ ကြေညာသူတွေမှာ ဘာတာဝန် ရှိသလဲ။

၁ ယေဟောဝါဘုရားသာ မသွေးဆောင်ဘူးဆိုရင် ဘယ်သူ့မှ ကိုယ်တော့်ကို ဝတ်ပြုနိုင်မှာ မဟုတ်ဘူး။ (ယော. ၆:၄၄) ဒါကြောင့် ကျမ်းစာသင်ပေးနေတဲ့ ကြေညာသူတွေဟာ လူတွေကို ကောင်းကင်ဖခင်နဲ့ ရင်းနှီးလာအောင် ကူညီပေးဖို့ တာဝန်ရှိပါတယ်။ (ယာ. ၄:၈) အဲဒီလိုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု လိုအပ်ပါတယ်။ အပိုဒ်တစ်ပိုဒ်စီကို ဖတ်ပြီး ပုံနှိပ်ထားတဲ့မေးခွန်းတွေကို မေးတာလောက်နဲ့ ကျမ်းစာသင်သားဟာ အကြောင်းအရာတွေကို နားမလည်တဲ့အပြင် တိုးတက်လာမှာ မဟုတ်ပါဘူး။

၂။ ကျမ်းစာသင်အံမှုကို ထိထိရောက်ရောက်လုပ်မယ်ဆိုရင် သင်သားက ဘယ်လိုဖြစ်လာနိုင်မလဲ။

၂ ကျမ်းစာသင်အံမှုကို ထိထိရောက်ရောက်လုပ်ချင်တယ်ဆိုရင် ကြေညာသူတွေက သင်သားကို ကျမ်းစာသွန်သင်ရာတွေ (၁) နားလည်လာအောင် (၂) လက်ခံလာအောင် (၃) လက်တွေ့ကျင့်သုံးလာအောင် ကူညီပေးရမယ်။ (ယော. ၃:၁၆; ၁၇:၃; ယာ. ၂:၂၆) အဲဒီအဆင့်တွေကို တက်လှမ်းနိုင်ဖို့ ကူညီပေးတဲ့အခါ လနဲ့ချီ ကြာနိုင်ပါတယ်။ ဒီလိုတက်လှမ်းလာတဲ့အခါ သင်သားက ယေဟောဝါဘုရားနဲ့ ခင်မင်ရင်းနှီးလာပြီး ဆက်ကပ်အပ်နှံလာတဲ့အထိ တိုးတက်လာနိုင်ပါတယ်။

၃။ ထိရောက်တဲ့ သွန်သင်ပေးနိုင်တဲ့သူတွေက သဘောထားမေးခွန်းတွေကို ဘာကြောင့် မေးသင့်သလဲ။

၃ ကျမ်းစာသင်သားရဲ့ စိတ်မှာ ဘာတွေရှိသလဲ– ကျမ်းစာသင်သားက လေ့လာခဲ့ရာတွေကို နားလည်ပြီး လက်ခံမခံဆိုတာသိနိုင်ဖို့ ကိုယ်ဘက်ကချည်း ဒိုင်ခံပြောနေဖို့ မဟုတ်ဘဲ သူ့ခံစားချက်တွေကို ပြောလာအောင် အားပေးပါ။ (ယာ. ၁:၁၉) သင်သားက ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကျမ်းစာအဆိုကို နားလည်ရဲ့လား။ အကြောင်းအရာတွေကို သူ့စကားနဲ့ ရှင်းပြနိုင်ရဲ့လား။ လေ့လာခဲ့တာတွေအပေါ် ဘယ်လိုသဘောထားသလဲ။ ကျမ်းစာသွန်သင်ရာတွေက ကျိုးကြောင်းညီညွတ်တယ်လို့ ယုံကြည်ရဲ့လား။ (၁ သက်. ၂:၁၃) လေ့လာသိရှိခဲ့ရာတွေကြောင့် အရင်ဘဝပုံစံဟောင်းတွေကို ပြောင်းလဲရမယ်ဆိုတာ သင်သား သဘောပေါက်ရဲ့လား။ (ကော. ၃:၁၀) ဒီမေးခွန်းတွေရဲ့အဖြေရဖို့ သဘောထားမေးခွန်းတွေကို လိမ္မာပါးနပ်စွာမေးပြီး နားထောင်ပေးဖို့ လိုပါတယ်။—မ. ၁၆:၁၃-၁၆။

၄။ သင်သားက ကျမ်းစာအကြောင်းအရာတစ်ခုကို နားလည်ဖို့၊ ဒါမှမဟုတ် ကျင့်သုံးဖို့ ခက်မယ်ဆိုရင် ဘာလုပ်ဖို့လိုသလဲ။

၄ အမြစ်စွဲနေပြီဖြစ်တဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကို ဖျောက်ပစ်နိုင်ဖို့ အချိန်ယူရမှာဖြစ်တယ်။ (၂ ကော. ၁၀:၅) ဒါပေမဲ့ သင်သားက လေ့လာခဲ့တာတွေအပေါ် လက်မခံဘူး၊ မကျင့်သုံးဘူးဆိုရင်ကော။ ကျမ်းစာနဲ့ စွမ်းအားတော်က သင်သားအပေါ် အကျိုးသက်ရောက်မှုရှိဖို့ အတိုင်းအတာတစ်ခုအထိ စိတ်ရှည်ရမှာဖြစ်တယ်။ (၁ ကော. ၃:၆၊ ၇; ဟေဗြဲ ၄:၁၂) သင်သားက ကျမ်းစာအကြောင်းအရာတစ်ခုကို နားလည်ဖို့၊ ဒါမှမဟုတ် ကျင့်သုံးဖို့ ခက်မယ်ဆိုရင် အတင်းအကျပ်ဖိအားပေးမယ့်အစား အကြောင်းအရာနောက်တစ်ခုကို ပြောင်းပြီးလေ့လာတာက ပိုကောင်းပါတယ်။ ကျွန်ုပ်တို့ဟာ စိတ်ရှည်ရှည်ထားပြီး မေတ္တာနဲ့ ဆက်သင်ပေးမယ်ဆိုရင် သင်သားက လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ