ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၅ စာ. ၃
  • သွန်သင်ခြင်းကိရိယာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွန်သင်ခြင်းကိရိယာများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရားကို သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သွန်သင်ခြင်းကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • “လူအမျိုးမျိုး” ကိုဟောပြောပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • လေ့လာမှု ကိရိယာများကို သုံးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၇/၁၅ စာ. ၃

သွန်သင်ခြင်းကိရိယာများ

၁။ ခရစ်ယာန်တွေက လက်မှုပညာသည်တွေနဲ့ ဘယ်လိုတူသလဲ။

၁ လက်မှုပညာသည်တွေက ကိရိယာအမျိုးမျိုး အသုံးပြုကြတယ်။ တချို့ကိရိယာတွေကို သူ့နေရာနဲ့သူ သတ်သတ်မှတ်မှတ် အသုံးပြုတာမှန်ပေမဲ့ အခြေခံကိရိယာတွေကိုတော့ ခဏခဏ သုံးပါတယ်။ ဝါရင့်လက်မှုပညာသည်တွေက အခြေခံကိရိယာတွေကို အမြဲဆောင်ထားပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုကြတယ်။ ခရစ်ယာန်တိုင်းကိုလည်း အမှုဆောင်လုပ်ငန်းမှာ ကြိုးစားအားထုတ်ပြီး “ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦး” ဖြစ်ဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။ (၂ တိ. ၂:၁၅) ခရစ်ယာန်တွေအတွက် အရေးအကြီးဆုံးကိရိယာက ဘာလဲ။ သမ္မာကျမ်းစာဖြစ်ပြီး “တပည့်ဖြစ်စေ” ခြင်းလုပ်ငန်းမှာ အဓိကအသုံးပြုကြတယ်။ (မ. ၂၈:၁၉၊ ၂၀) ဒါကြောင့် ကျွန်ုပ်တို့က “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်တတ်သောသူ” တွေဖြစ်ဖို့ ကြိုးစားအားထုတ်သင့်တယ်။ ဒါပေမဲ့ သွန်သင်ခြင်းကိရိယာတွေထဲမှာ ခဏခဏအသုံးပြုရတဲ့ အခြေခံကိရိယာတချို့ ရှိပါတယ်။ ခရစ်ယာန်အားလုံးက အဲဒီကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်အောင်သင်ယူပြီး လူတွေကို အမှန်တရား သင်ပေးကြတယ်။—သု. ၂၂:၂၉။

၂။ သွန်သင်ခြင်းအတွက် အခြေခံကိရိယာတွေက ဘာတွေလဲ။

၂ သွန်သင်ခြင်းအတွက် အခြေခံကိရိယာများ– ကျွန်ုပ်တို့က သမ္မာကျမ်းစာအပြင် ဘယ်ကိရိယာတွေကို အသုံးပြုဖို့လိုသလဲ။ ကျမ်းစာအမှန်တရားကို သင်ပေးဖို့ အရေးကြီးတဲ့ ကိရိယာဟာ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ဖြစ်ပါတယ်။ ကျမ်းစာသင်သားကို အဲဒီစာအုပ် သင်ပေးပြီးနောက် သူ့ရဲ့နေ့စဉ်ဘဝမှာ ကျမ်းစာလမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်တတ်အောင် “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်ကို ဆက်သင်ပေးကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့က အဲဒီစာအုပ်နှစ်အုပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ လိုတယ်။ သွန်သင်ခြင်းကိရိယာတွေထဲမှာ ဘရိုရှာတချို့လည်း ပါတယ်။ လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာဟာ ကျမ်းစာသင်အံမှုအစပြုနိုင်ဖို့ အရေးပါတဲ့ ကိရိယာတစ်ခုဖြစ်တယ်။ ရပ်ကွက်ကလူတွေဟာ စာဖတ်စွမ်းရည် အကန့်အသတ်ပဲရှိမယ်၊ ကျွန်ုပ်တို့ဆီမှာ သူတို့ဘာသာစကားနဲ့ စာပေအနည်းငယ်ပဲရှိမယ် ဒါမှမဟုတ် လုံးဝမရှိဘူးဆိုရင် ဘုရားသခင့်စကားနားထောင်ပါ၊ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာတွေကို အသုံးပြုနိုင်တယ်။ ကျမ်းစာသင်သားကို အဖွဲ့အစည်းအကြောင်း ပြောပြချင်ရင် ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဆိုတဲ့ အခြေခံသွန်သင်ခြင်းကိရိယာကို အသုံးပြုသင့်တယ်။ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ၊ နိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ၊ ဘုရားသခင်မှာ နာမည်ရှိသလား စတဲ့ဗီဒီယိုတွေကလည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အသုံးတည့်တဲ့ကိရိယာတွေ ဖြစ်တယ်။ ဒါကြောင့် အဲဒီကိရိယာတွေကို ကောင်းစွာအသုံးပြုတတ်ဖို့လည်း သင်ယူထားသင့်တယ်။

၃။ နောက်ပိုင်းထွက်လာမယ့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်တွေက ကျွန်ုပ်တို့ကို ဘာလုပ်တတ်ဖို့ ကူညီပေးမလဲ။

၃ နောက်ပိုင်းထွက်လာမယ့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်တွေက အခြေခံသွန်သင်ခြင်းကိရိယာတွေဖြစ်တဲ့ စာပေတွေကို ကျွန်ုပ်တို့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လာအောင် ကူညီပေးပါလိမ့်မယ်။ အဲဒီကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ ကြိုးစားမယ်ဆိုရင် တိမောသေဆီ ပေါလုရေးခဲ့တဲ့ ဒီအကြံပြုချက်ကို လိုက်လျှောက်နေတာဖြစ်တယ်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲဂရုပြုလျက်နေလော့။ ထိုအရာများနှင့်အညီ နေထိုင်လော့။ သို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကို နားထောင်သူတို့အားလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ