နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် စက်တင်ဘာ ၁
“ယေဟောဝါသက်သေဆိုတဲ့နာမည် ဘယ်ကနေရသလဲဆိုတာ ပြောပြချင်ပါတယ်၊ အချိန်နည်းနည်းလောက် ပေးနိုင်မလား။ [အဖြေကိုစောင့်ပါ။] ဘုရားသခင်က မိမိရဲ့နာမည်ကို ကျမ်းစာမှာဖော်ပြထားတယ်။ [ယေရမိ ၃၃:၂ ကိုဖတ်ပါ။] ယေဟောဝါဘုရားရဲ့ သက်သေတွေအနေနဲ့ ကျွန်တော်တို့ဟာ ကိုယ်တော်အကြောင်း၊ လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း ပြောပြနေပါတယ်။ ကျွန်တော်တို့အပေါ် လူအများစု အမြင်စောင်းနေတာတွေ ရှင်းသွားအောင် ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။”
နိုးလော့ စက်တင်ဘာ
“အသက်ရှင်ရပ်တည်ဖို့ ငွေ မရှိမဖြစ်လိုတယ်လို့ လူအများစု ယူမှတ်ထားတယ်။ ဒါပေမဲ့ ငွေတပ်မက်တာဟာ အန္တရာယ်ရှိမှန်း သင် စဉ်းစားမိသလား။ [အဖြေကိုစောင့်ပါ။] ကျမ်းစာသတိပေးချက်ကို ဖတ်ပြချင်ပါတယ်။ [၁ တိမောသေ ၆:၉ ကိုဖတ်ပါ။] ငွေကြေးအပေါ် မျှတတဲ့အမြင်ရှိနိုင်အောင် ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။”