‘အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေလော့’
ခရစ်တော်ရဲ့စစ်သားကောင်းတွေအနေနဲ့ ခရစ်ယာန်တွေဟာ ဆင်းရဲဒုက္ခတွေကြုံရမယ့်အကြောင်း၊ သက်သောင့်သက်သာ၊ ဇိမ်ကျကျနေဖို့ ဦးစားမထားသင့်တဲ့အကြောင်း ဂျေရုဆလင်မြို့ သိမ်းပိုက်ဖျက်ဆီးမခံရခင်လေးမှာ ပေါလု ရေးခဲ့တယ်။ (၂ တိ. ၂:၃၊ ၄) ဘုရားတရားမဲ့တဲ့လောကအပေါ် အဖြစ်ဆိုးတွေ ကျရောက်တော့မှာမို့လို့ ဘုရားရေးရာကို ဆက်အာရုံစိုက်နိုင်ဖို့ ကျွန်ုပ်တို့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိရမယ်။ (၂ ကော. ၄:၁၈; ၅:၇)‘အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေလော့’ ဗီဒီယိုကိုကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > ဗီဒီယိုများ။) ရုပ်ပစ္စည်းကို တပ်မက်စွဲလမ်းတာကြောင့် နာဟံနဲ့ အဘိတလတို့ အန္တရာယ်ထောင်ချောက်ထဲ ဘယ်လိုရောက်သွားတယ်ဆိုတာ ဂရုပြုပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ပြန်သုံးသပ်ပါ။
(၁) ပထမရာစုအချိန်မှာ “သန့်ရှင်းရာအရပ်၌ရှိနေ” တဲ့ “ရွံရှာဖွယ်ရာ” က ဘာလဲ။ ဂျေရုဆလင်မြို့က ခရစ်ယာန်တွေ ပြတ်ပြတ်သားသားလုပ်ရမယ့်အရာက ဘာလဲ။ (မ. ၂၄:၁၅၊ ၁၆) (၂) မြို့ကနေထွက်ပြေးတဲ့ကိစ္စမှာ ဘာကြောင့် ယုံကြည်ခြင်းလိုအပ်သလဲ။ (၃) ထွက်ပြေးတဲ့အခါ ဘာတွေကို စွန့်လွှတ်အနစ်နာခံရမလဲ။ (၄) နာဟံနဲ့ အဘိတလတို့ ဘာကြောင့် အချိန်ဆွဲနေတာလဲ။ (မ. ၂၄:၁၇၊ ၁၈) (၅) ဂျေရုဆလင်မြို့ကနေထွက်လာတဲ့အခါ ရာခေလ နောက်ထပ်ကြုံရတဲ့ယုံကြည်ခြင်းစမ်းသပ်မှုက ဘာလဲ။ (မ. ၁၀:၃၄-၃၇; မာ. ၁၀:၂၉၊ ၃၀) (၆) ယေဟောဝါကို ယုံကြည်ကိုးစားတဲ့နေရာမှာ ပုံသက်သေကောင်း ဧသန် ဘယ်လိုပြခဲ့သလဲ။ (၇) ပဲလ္လမြို့မှာ ခရစ်ယာန်တွေ ကြုံရတဲ့ဆင်းရဲဒုက္ခတွေက ဘာတွေလဲ။ (၈) နာဟံနဲ့ အဘိတလတို့ရဲ့ ယုံကြည်ခြင်းက ဘယ်လိုနည်းနဲ့ တဖြည်းဖြည်းအားနည်းသွားတာလဲ။ (၉) ပဲလ္လမြို့က ခရစ်ယာန်တွေကို ယေဟောဝါ ဘယ်လိုစောင့်ရှောက်ပေးခဲ့သလဲ။ (မ. ၆:၃၃; ၁ တိ. ၆:၆-၈) (၁၀) ဒီအစီအစဉ်စနစ်ရဲ့အဆုံးပိုင်းမှာ အာဗြဟံနဲ့ စာရာကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်မလဲ။ (ဟေဗြဲ ၁၁:၈-၁၀) (၁၁) ဂျေရုဆလင်မြို့ဆီပြန်သွားမှဖြစ်မယ်လို့ နာဟံနဲ့ အဘိတလတို့ ဘာကြောင့် ယူဆတာလဲ။ သူတို့ရဲ့စဉ်းစားပုံက ဘာကြောင့် မှားသလဲ။ (လု. ၂၁:၂၁) (၁၂) နာဟံနဲ့ အဘိတလတို့ ပြန်ရောက်သွားချိန်မှာ ဂျေရုဆလင်မြို့က ဘယ်လိုဖြစ်နေသလဲ။ (၁၃) ဒီအစီအစဉ်စနစ်ရဲ့အဆုံးမရောက်ခင် အခုအချိန်မှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းခိုင်မာအောင် ဘာကြောင့် လုပ်ဆောင်ရမလဲ။—လုကာ ၁၇:၃၁၊ ၃၂; ၂၁:၃၄-၃၆။
ယုံကြည်ခြင်းအားဖြင့်လျှောက်လှမ်းတယ်ဆိုတာက (၁)ယေဟောဝါရဲ့လမ်းညွှန်ချက်ကိုယုံကြည်စိတ်ချခြင်း၊ (၂) ကိုယ်တော့်လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခြင်း၊ (၃) ရုပ်ပစ္စည်းတွေထက် ဘုရားရေးရာကို ဦးစားထားခြင်း ဖြစ်တယ်။ “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်” တယ်ဆိုတာကိုစိတ်ချပြီး ယုံကြည်ခြင်းအားဖြင့် အမြဲလျှောက်လှမ်းနေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—၁ ယော. ၂:၁၇။