ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb16 စက်တင်ဘာ စာ. ၈
  • ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ရိုးရိုးရှင်းရှင်း သင်ပေးပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • အသိပညာ စာအုပ်ဖြင့်တပည့်ဖြစ်ရန်ပြုလုပ်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
mwb16 စက်တင်ဘာ စာ. ၈

ခရစ်ယာန်အသက်တာလမ်းစဉ်

ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ

ပုံနှိပ်စာပေ
သင်သားကို အများကြီးပြောပြနေတဲ့ ညီအစ်ကိုတစ်ယောက်

စကားများလွန်းခြင်း– အရာရာတိုင်းကို သင်ပဲ ရှင်းပြရမယ်လို့ မယူဆပါနဲ့။ ယေရှုဟာ မေးခွန်းတွေမေးပြီး လူတွေ စဉ်းစားလာအောင်၊ မှန်ကန်တဲ့ ကောက်ချက်ချနိုင်အောင် ကူညီပေးခဲ့တယ်။ (မ. ၁၇:၂၄-၂၇) မေးခွန်းတွေဟာ ကျမ်းစာလေ့လာမှုကို အသက်ဝင်စေပြီး သင်သား နားလည်တဲ့အရာ၊ ယုံကြည်တဲ့အရာတွေကို သိရှိနိုင်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။ (ဓမ္မအမှုကျောင်းစာအုပ် ၂၅၃ အပိုဒ် ၃-၄) မေးခွန်းမေးတဲ့အခါ စိတ်ရှည်ရှည်ထားပြီး အဖြေကိုစောင့်ပါ။ သင်သားရဲ့အဖြေက မှားနေရင် သူ့ကို အဖြေမှန်ပြောပြမယ့်အစား ထပ်ဆင့်မေးခွန်းတွေမေးပြီး အဖြေမှန်ရအောင် ကူညီပေးပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၃၈ အပိုဒ် ၁-၂) ယူဆချက်အသစ်တွေကို ပြောတဲ့အခါ သင်သားနားလည်စေဖို့ ဖြည်းဖြည်းပြောပါ။—ဓမ္မအမှုကျောင်းစာအုပ် ၂၃၀ အပိုဒ် ၄

ဘာကြောင့်အိုမင်းလာရတဲ့အကြောင်း အသေးစိတ်ရှင်းပြခြင်းက ပိုရှုပ်ထွေးစေ

ရှုပ်ထွေးစေခြင်း– လေ့လာနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သင်သိထားသမျှကို ပြောပြတာမျိုး ရှောင်ပါ။ (ယော. ၁၆:၁၂) စာပိုဒ်ရဲ့ အဓိကအချက်ကို အာရုံစိုက်ပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၂၆ အပိုဒ် ၄-၅) အသေးစိတ်အချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းနေရင်တောင် အဓိကအချက်ကို ပျောက်သွားစေတတ်ပါတယ်။ (ဓမ္မအမှုကျောင်းစာအုပ် ၂၃၅ အပိုဒ် ၃) အဓိကအချက်ကို သင်သားနားလည်တာနဲ့ နောက်အပိုဒ်ကို ဆက်သွားပါ

ညီအစ်ကိုက အလျင်စလိုသင်ပေးနေတာကြောင့် ပိုရှုပ်ထွေးသွားတဲ့ သင်သား

အလျင်စလို သင်ပေးခြင်း– ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သင်သားရဲ့စိတ်နှလုံးကို ထိမိစေဖို့ဖြစ်တယ်။ အကြောင်းအရာကို အလျင်စလိုသင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ (လု. ၂၄:၃၂) သင်ခန်းစာမှာပါတဲ့ အဓိကကျမ်းချက်တွေကို အလေးပေးဆွေးနွေးခြင်းအားဖြင့် ဘုရားသခင့်နှုတ်ထွက်စကားရဲ့ အစွမ်းထက်မှုကို အသုံးချပါ။ (၂ ကော. ၁၀:၄; ဟေဗြဲ ၄:၁၂; ဓမ္မအမှုကျောင်းစာအုပ် ၁၄၄ အပိုဒ် ၁-၃) ရိုးရှင်းတဲ့ ပုံဥပမာတွေကို သုံးပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၄၅ အပိုဒ် ၂-၄) သင်သားကြုံနေရတဲ့ အခက်အခဲနဲ့ သူ့ယုံကြည်ချက်ကို ထည့်စဉ်းစားပြီး သင်ခန်းစာကို သူနဲ့ကိုက်ညီအောင် ပြောင်းလဲပါ။ “အခုလေ့လာနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲ။ ဒီအချက်ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ ဒီအကြံပြုချက်ကို လက်တွေ့ကျင့်မယ်ဆိုရင် ဘယ်လိုအကျိုးရမယ်ထင်သလဲ” စတဲ့မေးခွန်းတွေ မေးကြည့်ပါ။—ဓမ္မအမှုကျောင်းစာအုပ် ၂၃၈ အပိုဒ် ၃-၅; ၂၅၉ အပိုဒ် ၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ