ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မာကု ၁၃–၁၄
“လူကိုကြောက်ရွံ့ခြင်း ထောင်ချောက်ထဲ မကျအောင် ရှောင်ပါ”
ဖိအားပေးခံရတဲ့အခါ တမန်တော်တွေ ဘာကြောင့် လက်လျှော့ခဲ့ကြသလဲ။
သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းခဲ့ကြတယ်။ ပေတရုဟာ သူ့ကိုယ်သူ တခြားတမန်တော်တွေထက် ယေရှုအပေါ် ပိုသစ္စာရှိတယ်လို့တောင် ယူဆခဲ့တယ်
သူတို့ နိုးနိုးကြားကြားမရှိ၊ ဆုမတောင်းခဲ့ကြဘူး
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ နောင်တရတဲ့ တမန်တော်တွေ လူကို မကြောက်ဖို့၊ အတိုက်အခံတွေကြား ဆက်ဟောပြောဖို့ ဘာက ကူညီပေးခဲ့သလဲ။
ယေရှုရဲ့ သတိပေးချက်ကို သူတို့ နှလုံးသွင်းခဲ့လို့ အတိုက်အခံနဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အငိုက်မိမသွားကြ
သူတို့ ယေဟောဝါကို အားကိုးခဲ့၊ ဆုတောင်းခဲ့ကြတယ်။—တ ၄:၂၄၊ ၂၉
ဘယ်အခြေအနေတွေက ကျွန်တော်တို့ရဲ့ ရဲစွမ်းသတ္တိအတွက် စမ်းသပ်မှု ဖြစ်နိုင်သလဲ။