ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဇန်နဝါရီ စာ. ၇
  • ‘ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာ’
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားလုံးအတွက်အပြန်အလှန်အားပေးခွင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်တော်တို့အကျိုးအတွက် အလုပ်ကြိုးစားနေသူများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သမ္မာတရားရှိလုပ်ဖော်ဆောင်ဖက် နယ်လှည့်ကြီးကြပ်မှူးများ
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဇန်နဝါရီ စာ. ၇
သူ့ကို ညီအစ်ကိုတွေ လာတွေ့လို့ ဘုရားကို ပေါလု ကျေးဇူးတင်

ဇန်နဝါရီ ၂၈–ဖေဖော်ဝါရီ ၃

‘ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာ’

ပေါလုလာနေပြီလို့ ရောမအသင်းတော် ကြားတဲ့အခါ အဲဒီက ညီအစ်ကိုတချို့ဟာ မိုင် ၄၀ (၆၄ ကီလိုမီတာ) လောက်သွားပြီး ကြိုကြတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်မေတ္တာကြောင့် ပေါလု ဘယ်လို ခံစားခဲ့ရသလဲ။ “ပေါလုက သူတို့ကို မြင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာတယ်။” (တ ၂၈:၁၅) ပေါလုဟာ သူရောက်တဲ့ အသင်းတော်တွေမှာ အားပေးတတ်သူဖြစ်ပေမဲ့ အကျဉ်းသားဖြစ်နေတဲ့ ဒီအချိန်မှာတော့ ကိုယ်တိုင် အားပေးခံခဲ့ရတယ်။—၂က ၁၃:၁၀။

ယနေ့အချိန်မှာလည်း တိုက်နယ်ကြီးကြပ်မှူးတွေဟာ အသင်းတော်တွေကို လည်ပတ်ပြီး အားပေးတည်ဆောက်ကြတယ်။ ဘုရားသခင်ရဲ့ တခြားကျေးကျွန်တွေလိုပဲ သူတို့လည်း တစ်ခါတလေမှာ မောပန်းတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေ ရှိကြတယ်။ နောက်တစ်ခါ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီး လာလည်ပတ်တဲ့အခါ သူတို့အားရှိလာအောင် ဘယ်လို “အပြန်အလှန် အားပေး” နိုင်သလဲ။—ရော ၁:၁၁၊ ၁၂။

  • တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် လယ်ကွင်းစုဆုံမှုကို ဦးဆောင်နေ

    လယ်ကွင်းစုဆုံမှုမှာ ပါဝင်ပါ။ တိုက်နယ်အပတ်မှာ အပြည့်အဝ ပါဝင်ဖို့ ကြေညာသူတွေ ကိုယ်ကျိုးစွန့် လုပ်ဆောင်တဲ့အခါ တိုက်နယ်ကြီးကြပ်မှူး အားရှိတယ်။ (၁သ ၁:၂၊ ၃။ ၂:၂၀) သူလည်ပတ်ချိန်မှာ အရန်ရှေ့ဆောင်လုပ်ဖို့ စဉ်းစားပါ။ အမှုဆောင်မှာ သူတို့ ဇနီးမောင်နှံနဲ့အတူ ဟောပြောနိုင်မလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ကျမ်းစာသင်အံမှုတစ်ခုကို ခေါ်သွားနိုင်မလား။ ကြေညာသူအသစ်တွေ၊ မဟောပြောတတ်ဘူးလို့ ခံစားရသူတွေနဲ့ တွဲအမှုဆောင်ရတာကို သူတို့ပျော်တယ်။

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို မိသားစုတစ်စု ဧည့်ခံနေ

    ဧည့်ဝတ်ပြုပါ။ သူတို့တည်းခိုဖို့ နေရာပေးနိုင်မလား၊ ထမင်းစား ဖိတ်နိုင်မလား။ ဒါဟာ သူတို့ဇနီးမောင်နှံကို ညီအစ်ကို/မတို့ ချစ်ကြောင်း ပြသနေတာဖြစ်တယ်။ ကြီးကြီးကျယ်ကျယ် ပြင်ဆင်ပေးဖို့ သူတို့ မမျှော်လင့်ပါဘူး။—လု ၁၀:၃၈-၄၂။

  • တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် အကြီးအကဲအစည်းအဝေးကို ဦးဆောင်နေ

    သူ့ရဲ့ ညွှန်ကြားချက်နဲ့ အကြံပြုချက်တွေကို နားထောင်ပြီး လိုက်နာပါ။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ ဘယ်လို တိုးတက်နိုင်တယ်ဆိုတာ သိမြင်လာအောင် တိုက်နယ်ကြီးကြပ်မှူးက မေတ္တာပါပါ ကူညီပေးပါတယ်။ တစ်ခါတလေ ပြင်းပြင်းထန်ထန် ဆုံးမနိုင်တယ်။ (၁က ၅:၁-၅) ကျွန်တော်တို့ နာခံတယ်၊ လက်အောက်ခံတယ်ဆိုရင် သူတို့ ဝမ်းသာတယ်။—ဟီ ၁၃:၁၇။

  • ညီအစ်ကို/မတွေက တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို ကျေးဇူးတင်ကြောင်း ပြောနေ

    ကျေးဇူးတင်ကြောင်း ဖော်ပြပါ။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးရဲ့ ကြိုးစားအားထုတ်မှုကြောင့် သင် ဘယ်လိုအကျိုးရတယ်ဆိုတာ သူတို့ကို ပြောပြပါ။ လူချင်းတွေ့ပြီး ပြောနိုင်သလို စာတို ဒါမှမဟုတ် ကတ်မှာရေးပြီးလည်း ပြောနိုင်ပါတယ်။—ကော ၃:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ