ခရစ်ယာန်အသက်တာလမ်းစဉ်
ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်းမှာ ကျွန်တော်တို့အားလုံး ပါဝင်နိုင်ပုံ
နိုင်ငံတော်ခန်းမတွေဟာ အဆောက်အဦလောက်သာ မဟုတ်ဘဲ ယေဟောဝါဆီ အပ်နှံထားတဲ့ ဝတ်ပြုရာနေရာတွေ ဖြစ်တယ်။ နိုင်ငံတော်ခန်းမတွေကို ဂရုစိုက်ခြင်းမှာ တစ်ယောက်စီ ဘယ်လို ပါဝင်နိုင်သလဲ။
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
၁။ အစည်းအဝေး လုပ်တဲ့နေရာတွေကို ဘာရည်ရွယ်ချက်အတွက် အသုံးပြုသလဲ။
၂။ နိုင်ငံတော်ခန်းမတွေကို ဘာကြောင့် သေချာပြုပြင်ထိန်းသိမ်းပြီး သန့်သန့်ရှင်းရှင်း ထားသင့်သလဲ။
၃။ ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်မှာ သင် ပါဝင်တဲ့အခါ ဘာအကျိုးတွေ ရခဲ့သလဲ။
၄။ ဘေးကင်းရေးက ဘာကြောင့် အရေးကြီးသလဲ။ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး ဗီဒီယိုမှာ ဘယ်နမူနာတွေ တွေ့ခဲ့ရသလဲ။
၅။ အလှူငွေထည့်ခြင်းအားဖြင့် ယေဟောဝါကို ဘယ်လို ဂုဏ်တင်နိုင်သလဲ။
ပါဝင်ဖို့ ဘယ်လို စီစဉ်ထားသလဲ