ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တိတု ၁–ဖိလေမုန်
“အကြီးအကဲတွေ ခန့်အပ်”
“မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့” တိတု တာဝန်ရခဲ့တယ်။ ဒီနေ့ တိုက်နယ်ကြီးကြပ်မှူးတွေလည်း ဒီကျမ်းစာ အစဉ်အလာကို လိုက်ပြီး အသင်းတော်မှာ ခန့်အပ်မှုတွေ လုပ်တယ်။
အုပ်ချုပ်ရေးအဖွဲ့
ပထမရာစုက ပုံစံကို လိုက်ပြီး အုပ်ချုပ်ရေးအဖွဲ့ဟာ တိုက်နယ်ကြီးကြပ်မှူးတွေကို အကြီးအကဲနဲ့ အသင်းတော်အမှုထမ်း ခန့်အပ်တဲ့ အရေးကြီးတာဝန် အပ်နှင်းထားတယ်။
တိုက်နယ်ကြီးကြပ်မှူးများ
တိုက်နယ်ကြီးကြပ်မှူးတိုင်းဟာ အကြီးအကဲတွေရဲ့ ထောက်ခံချက်ကို သေချာ လေ့လာသုံးသပ်၊ ဆုတောင်းပြီးနောက် အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေကို ခန့်အပ်တယ်။
ခန့်အပ်ခံအကြီးအကဲများ
အကြီးအကဲတွေဟာ ခန့်အပ်ခံရပြီးနောက်မှာလည်း ကျမ်းစာတောင်းဆိုချက်တွေကို ဆက်ပြည့်မီနေရမယ်။