ဖေဖော်ဝါရီ ၁၇-၂၃
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ စာအုပ်ကနေ အကျိုးရနေသလား
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ မှာပါတဲ့ ကျမ်းချက်နဲ့ မှတ်ချက်တွေကို နေ့စဉ် ဖတ်သလား။ မဖတ်ဘူးဆိုရင် နေ့စဉ်ဖတ်ဖို့ စီစဉ်နိုင်မလား။ အများစုကတော့ နေ့တစ်နေ့ရဲ့ အစပိုင်းမှာ ဖတ်ကြတယ်။ အဲဒါကြောင့် တစ်နေ့တာ လုပ်ဆောင်မှု တွေမှာ နေ့စဉ်ကျမ်းချက်မှာပါတဲ့ အချက်တွေကို စဉ်းစားဆင်ခြင်နိုင်ကြတယ်။ (ယရ ၁:၈။ ဆ ၁၁၉:၉၇) နေ့စဉ်ကျမ်းချက်ကနေ ပိုအကျိုးရရှိဖို့ ဘာလုပ်နိုင်သလဲ။ ကျမ်းချက်ရဲ့ နောက်ခံကို သိနိုင်ဖို့ ကျမ်းချက်ရဲ့ ရှေ့နောက်စကားတွေကို ဖတ်ပါ။ ကျမ်းချက်ပါ အခြေခံမူကို ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းကို စဉ်းစားပါ။ ပြီးတဲ့နောက် အဲဒီအခြေခံမူကို လက်တွေ့ကျင့်သုံးပါ။ ကျမ်းစာနဲ့အညီ ဆုံးဖြတ်ချက်တွေချတယ်ဆိုရင် အဲဒါက သင့်ဘဝကို လမ်းညွှန်မယ်၊ အကျိုးခံစားရမယ်။—ဆ ၁၁၉:၁၀၅။
ကမ္ဘာတစ်ဝန်းက ဗေသလမိသားစုတွေဟာ နံနက်စာစားချိန်မှာ ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါကို သုံးသပ်ကြတယ်။ မကြာသေးခင်နှစ်တွေကစပြီး နေ့စဉ်ကျမ်းချက် သုံးသပ်ချက်များစွာကို JW ရုပ်သံထုတ်လွှင့်မှုရဲ့ အစီအစဉ်နဲ့ အထူးအခါသမယများ အောက်မှာ တင်ထားပေးတယ်။ အဲဒီတွေကို ဘယ်တုန်းက နောက်ဆုံးကြည့်ခဲ့သလဲ။ တချို့အကြောင်းအရာတွေက ညီအစ်ကို/မတို့ တကယ်လိုအပ်နေတဲ့အချက် ဖြစ်နိုင်တယ်။ ဥပမာ၊ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ လောတမှတ်တမ်းက ဘယ်လို အထောက်အကူဖြစ်နိုင်သလဲ။
လောကကို မချစ်ပါနဲ့ (၁ယ ၂:၁၅) ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
တစ်နေ့တာအတွင်း ယေဟောဝါရဲ့ စကားတော်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ