ခရစ်ယာန်အသက်တာလမ်းစဉ်
အကျင့်ယိုယွင်းမှုကို ယောသပ်လို ဝေးဝေးရှောင်ကြပါ
လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတယ်ဆိုရင် ယောသပ်ဟာ ကျွန်တော်တို့အတွက် စံနမူနာကောင်းပဲ။ သခင့်မယား သွေးဆောင်တဲ့အခါတိုင်း ယောသပ် ငြင်းဆန်ခဲ့တယ်။ (က ၃၉:၇-၁၀) “ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ ပြန်ပြောတာက အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ယောသပ် ကြိုစဉ်းစားထားကြောင်း ဖော်ပြတယ်။ အခြေအနေ ပိုဆိုးလာတဲ့အခါ အမျိုးသမီးဘက်က အခွင့်အရေးရသွားအောင် တွေဝေမနေဘူး။ ချက်ချင်း ထွက်ပြေးခဲ့တယ်။—က ၃၉:၁၂။ ၁က ၆:၁၈။
အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
ဂျင်ဟာ ဘယ်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရသလဲ။
မီခရွန်က သင်္ချာပြပေးဖို့ အကူအညီတောင်းတဲ့အခါ ဂျင် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်း မေးခဲ့သလဲ။
မီခရွန်ရဲ့ တောင်းဆိုမှုက ဂျင်ကို ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
ဂျင်ဟာ ဘယ်ကနေ အကူအညီ ရခဲ့သလဲ။
အကျင့်ယိုယွင်းခြင်းကနေ ထွက်ပြေးဖို့ ဂျင် ဘာလုပ်ခဲ့သလဲ။
ဒီဗီဒီယိုကနေ ညီအစ်ကို/မတို့ ဘာသင်ယူခဲ့ရသလဲ။