ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါရဲ့ အတွေးအခေါ်ကို သိအောင် ရှာဖွေလေ့လာပါ
ကျွန်တော်တို့ လုပ်လေသမျှကို ယေဟောဝါရဲ့ စိတ်တော်နဲ့ တွေ့စေချင်တယ်။ (ပ ၂၇:၁၁) အဲဒီလို ဖြစ်နိုင်ဖို့ ပညတ်တွေ သတ်သတ်မှတ်မှတ် မရှိရင်တောင် ဘုရားရဲ့ အတွေးအခေါ်နဲ့ညီတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်။ ဘာက ကူညီပေးမလဲ။
ပုံမှန် ကျမ်းစာလေ့လာမှု အလေ့အကျင့်ကောင်းကို မွေးမြူပါ။ ကျမ်းစာဖတ်တာက ယေဟောဝါအတွက် အချိန်သုံးနေတာ ဖြစ်တယ်။ မိမိကျေးကျွန်တွေကို ဘုရားဆက်ဆံပုံအကြောင်း၊ ဘုရားကြိုက်တာ၊ မကြိုက်တာ လုပ်တဲ့သူတွေအကြောင်း လေ့လာတဲ့အခါ ဘုရားရဲ့ အတွေးအခေါ်ကို သိနိုင်တယ်။ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့အခါ သန့်ရှင်းသောစွမ်းအားတော်က ကျမ်းစာကနေ သင်ယူခဲ့တဲ့ အရေးကြီး သင်ခန်းစာတွေနဲ့ မူတွေကို ပြန်မှတ်မိနိုင်ဖို့ ကူညီပေးတယ်။—ယဟ ၁၄:၂၆။
ရှာဖွေလေ့လာပါ။ ဆုံးဖြတ်ချက်ချဖို့ လိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ခံစားချက်ကို သိနိုင်ဖို့ ဘယ်ကျမ်းချက်၊ ဘယ်ကျမ်းစာမှတ်တမ်းက ကူညီပေးသလဲ။’ အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်ဘာသာစကားနဲ့ ရနိုင်တဲ့ ရှာဖွေလေ့လာမှု ကိရိယာတွေကို အသုံးပြုပါ။ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို ရှာတွေ့ပြီး လိုက်လျှောက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။—ဆ ၂၅:၄။
“ခံနိုင်ရည်ရှိရှိ ပြေးကြ” ရမယ်—အာဟာရရှိတဲ့အစာကို စားသုံးပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
ဗီဒီယိုထဲက ညီအစ်မငယ် ဘာဖိအားတွေ ကြုံရသလဲ။
အလားတူ ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ ရှာဖွေလေ့လာမှု ကိရိယာတွေကို ဘယ်လို သုံးနိုင်သလဲ။
ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးတဲ့ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့၊ ရှာဖွေလေ့လာမှုတွေလုပ်ဖို့ အချိန်ပေးရင် ဘာအကျိုးရမလဲ။—ဟီ ၅:၁၃၊ ၁၄။