နိဒါန်း
ကိုယ့်ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ဘူးလို့ ခံစားရသလား။ အဲဒီလို ခံစားရတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစွာက အကူအညီ ရဖို့ ဘုရားသခင်ဆီ ဆုတောင်းကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေက ပြေလည်မသွားဘဲ ဆက်ရှိနေတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ တချို့ ဆုတောင်းချက်တွေ ဘာကြောင့် အဖြေမရသလဲ။ ဆုတောင်းချက်တွေ အဖြေ ရဖို့ ဘယ်လို ဆုတောင်းရမလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ဒီစာစောင်မှာ ဆွေးနွေးထားပါတယ်။