ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ စက်တင်ဘာ စာ. ၃၂
  • အမြင်ကျယ်ကျယ်ထားပြီး လေ့လာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမြင်ကျယ်ကျယ်ထားပြီး လေ့လာပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါက မိမိလူမျိုးကို ဂရုစိုက်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • လေ့လာမှုသည် ဆုကျေးဇူးမည်၏
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တော်ဝင်စံနမူနာကို လိုက်လျှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင့်ရဲ့ လေ့လာမှု အလေ့အကျင့်ကို တိုးတက်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ စက်တင်ဘာ စာ. ၃၂

လေ့လာစရာ အကြံပြုလွှာ

အမြင်ကျယ်ကျယ်ထားပြီး လေ့လာပါ

‘ငါ ဘာတွေ သိအောင် လုပ်မယ်’ ဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့ လေ့လာမှု လုပ်ကြတယ်။ ဒါပေမဲ့ ကိုယ် ဘာတွေ သိအောင် လုပ်မယ်ဆိုတာကိုပဲ အာရုံစိုက်နေလို့ ယေဟောဝါ သင်ပေးနေတာတွေကို မျက်စိလျှမ်းမသွားဖို့ သတိထားရမယ်။ အမြင်ကျယ်ကျယ်ထားပြီး ဘယ်လို လေ့လာနိုင်မလဲ။

ဉာဏ်ပညာ ရဖို့ ဆုတောင်းပါ။ ကိုယ့်ကို ယေဟောဝါ အခု ဘာသင်ယူစေချင်သလဲဆိုတာ သိမြင်ဖို့ ဆုတောင်းပါ။ (ယာ. ၁:၅) သိပြီးသလောက်နဲ့ပဲ ကျေနပ်မနေပါနဲ့။—ပညာ. ၃:၅၊ ၆။

ကျမ်းစာ အစွမ်းထက်တယ်ဆိုတာ အသိအမှတ်ပြုပါ။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်။” (ဟီ. ၄:၁၂) ဒါကြောင့် ကျမ်းစာဖတ်တိုင်း အကြောင်းအရာသစ် တစ်ခုမဟုတ် တစ်ခု သိလာနိုင်တယ်။ တစ်နည်းမဟုတ် တစ်နည်းနဲ့ အကျိုးရနိုင်တယ်။ ဒါပေမဲ့ ကိုယ်မသိတာတွေ ရှိတယ်၊ ကျမ်းစာဖတ်တဲ့အခါ မသိတာတွေ သိလာနိုင်တယ်ဆိုတာ အသိအမှတ်ပြုမှ အကျိုးရမယ်။

ယေဟောဝါ ပြင်ဆင်ပေးထားသမျှအတွက် ကျေးဇူးတင်လေးမြတ်ပါ။ ဘုရားရေးရာ အစားအစာဟာ “အဆီအနှစ်များတဲ့ ဟင်းတွေ” နဲ့ တူတယ်။ (ဟေရှာ. ၂၅:၆) ဘယ် “ဟင်း” ဆိုရင်တော့ ငါ မကြိုက်လောက်ဘူး ထင်ပြီး မစားတာမျိုး မလုပ်ပါနဲ့။ ဟင်းပွဲတိုင်းကို စားမှ အကျိုးရမယ်။ ဘုရားရေးရာ အစားအစာတွေကို နှစ်ခြိုက်တတ်လာမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ