လေ့လာစရာ အကြံပြုလွှာ
ကျမ်းစာကို မှန်လို အသုံးပြုပါ
ကျမ်းစာဟာ ကိုယ် ဘယ်လို လူစားမျိုးလဲဆိုတာ သိမြင်စေတဲ့ မှန်နဲ့ တူတယ်လို့ ကျမ်းရေးသူ ယာကုပ် ပြောတယ်။ (ယာ. ၁:၂၂-၂၅) ကျမ်းစာကို မှန်လို ဘယ်လို အသုံးပြုနိုင်သလဲ။
စေ့စေ့စပ်စပ် ဖတ်ပါ။ မှန်ကြည့်တဲ့အခါ ဖျတ်ခနဲပဲ ကြည့်တယ်ဆိုရင် အဆင်မပြေဖြစ်နေတာတွေ မတွေ့ဘဲ ဖြစ်သွားနိုင်တယ်။ အဲဒီလိုပဲ ကျမ်းစာကို ခပ်မြန်မြန် ဖတ်သွားတယ်ဆိုရင် ကိုယ် ဘာတွေ ပြုပြင်ဖို့ လိုနေသလဲ မသိဘဲ ဖြစ်သွားနိုင်တယ်။ ပြုပြင်ဖို့ လိုနေတာတွေ သိလာဖို့ ကျမ်းစာကို စေ့စေ့စပ်စပ် ဖတ်ရမယ်။
တခြားသူတွေ ပြုပြင်ဖို့ လိုနေတာကို မဟုတ်ဘဲ ကိုယ် ပြုပြင်ဖို့ လိုနေတာကို အာရုံစိုက်ပါ။ မှန်ကြည့်တဲ့အခါ တစ်ခါတလေ တခြားသူတွေကိုပါ မှန်ထဲမှာ မြင်ရပြီး သူတို့ ဘာပြုပြင်ဖို့ လိုနေတယ်ဆိုတာ အာရုံစိုက်မိတတ်တယ်။ အဲဒီလိုပဲ ကျမ်းစာဖတ်တဲ့အခါ တခြားသူတွေ ဘာပြုပြင်ဖို့ လိုနေသလဲ လိုက်တွေးမိနိုင်တယ်။ အဲဒီလိုလိုက်တွေးနေရင် ကိုယ် ပြုပြင်ဖို့ လိုနေတာတွေ ပြုပြင်ဖြစ်မှာ မဟုတ်တော့ဘူး။
အကျိုးသင့်အကြောင်းသင့် ရှိပါ။ မှန်ကြည့်တဲ့အခါ အဆင်မပြေဖြစ်နေတာတွေကိုပဲ အာရုံစိုက်နေရင် စိတ်ဓာတ်ကျလာနိုင်တယ်။ အဲဒီလိုပဲ ကျမ်းစာဖတ်တဲ့အခါ ကိုယ့်လိုအပ်ချက်တွေပဲ အာရုံစိုက်နေရင် စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါကြောင့် အကျိုးသင့်အကြောင်းသင့် ရှိပါ။ ကိုယ့်ဆီကနေ ယေဟောဝါ တောင်းဆိုတာထက် ပိုမတောင်းဆိုပါနဲ့။—ယာ. ၃:၁၇။