လေ့လာစရာ အကြောင်းအရာ
ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်းကို ပိုယုံကြည်အောင် လုပ်ပါ
အစ္စရေးတွေ ယေဟောဝါကို ယုံကြည်ဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း တောလည်ရာ ၁၃:၂၅–၁၄:၄ မှာ ဖတ်ပါ။
အထက်အောက်စကားတွေ ဆန်းစစ်ကြည့်ပါ။ ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်းကို အစ္စရေးတွေ ဘာကြောင့် ယုံကြည်စိတ်ချသင့်သလဲ။ (ဆာ. ၇၈:၁၂-၁၆၊ ၄၃-၅၃) ဘာက သူတို့ရဲ့ ယုံကြည်ခြင်းကို တိုက်စားသွားစေသလဲ။ (တရား. ၁:၂၆-၂၈) ယောရှုနဲ့ ကာလက် ယေဟောဝါကို ယုံကြည်ကြောင်း ဘယ်လိုပြခဲ့သလဲ။—တော. ၁၄:၆-၉။
ထပ်လေ့လာပါ။ ယေဟောဝါကို ပိုယုံကြည်ကိုးစားဖို့ အစ္စရေးတွေ ဘာလုပ်သင့်သလဲ။ (ဆာ. ၉:၁၀။ ၂၂:၄။ ၇၈:၁၁) ယေဟောဝါကို လေးစားခြင်းနဲ့ ယုံကြည်ခြင်း ဘယ်လိုဆက်စပ်နေသလဲ။—တော. ၁၄:၁၁။
သင်ခန်းစာတွေ စဉ်းစားပါ။ ဒီလိုစဉ်းစားပါ–
ဘယ်လို အခြေအနေတွေမှာ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားဖို့ ခက်သလဲ။
အခုနဲ့ အနာဂတ်မှာ ယေဟောဝါကို ပိုယုံကြည်ကိုးစားတတ်လာအောင် ဘာလုပ်နိုင်သလဲ။
ကြီးစွာသောဒုက္ခ ရောက်တဲ့အခါ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။—လု. ၂၁:၂၅-၂၈။