ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁
  • သီးလုံးဖောက် ယင်ကောင်ရဲ့ ပျံသန်းနိုင်စွမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီးလုံးဖောက် ယင်ကောင်ရဲ့ ပျံသန်းနိုင်စွမ်း
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယင်ကောင်ရဲ့ တောင်ပံငုတ်
    နိုးလော့!—၂၀၁၂
  • သူတို့ကို မကြောက်နဲ့
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • သူတို့ကိုမကြောက်နှင့်
    ယေဟောဝါအား တေးသီကျူးကြ
  • မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁
သီးလုံးဖောက် ယင်ကောင်

အလိုလို ဖြစ်လာနိုင်ပါ့မလား

သီးလုံးဖောက် ယင်ကောင်ရဲ့ ပျံသန်းနိုင်စွမ်း

ယင်ကောင်ကို ဘယ်လောက် ဖမ်းရခက်မှန်း ဖမ်းဖူးသူတိုင်း သိပါလိမ့်မယ်။ ဖမ်းလိုက်တိုင်း လှစ်ခနဲ၊ လှစ်ခနဲ ရှောင်တိမ်းတတ်တယ်။

သီးလုံးဖောက် ယင်ကောင်တစ်မျိုးဟာ တိုက်လေယာဉ်တွေလို တစ်စက္ကန့်လေးအတွင်းမှာ ကျွမ်းထိုးမှောက်ခုံ ကွေ့ဝိုက်ပျံသန်းနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ အကောင်ပေါက်တာနဲ့ “ကျွမ်းပြန်အောင် ပျံနိုင်ကြတယ်။ လေယာဉ် ဘယ်လိုမောင်းရမှန်း သိနေတဲ့ မွေးကင်းစ ကလေးကို တိုက်လေယာဉ် မောင်းသူနေရာမှာ ထိုင်ခိုင်းလိုက်သလိုပဲ” လို့ ပါမောက္ခ မိုက်ကယ် ဒစ်ကင်စန် ပြောပြတယ်။

ယင်ကောင် ကျွမ်းထိုးပျံသန်းပုံကို ရုပ်ရှင်ရိုက်ကြည့်တဲ့အခါ တစ်စက္ကန့်လေးအတွင်း အကြိမ် ၂၀၀ တောင်ပံခတ်တာကို သုတေသီတွေ တွေ့ရှိရတယ်။ တောင်ပံတစ်ချက် ခတ်ရုံနဲ့ ကိုယ်ကို လှိမ့်ပြီး အန္တရာယ်ကို ရှောင်တိမ်းနိုင်ကြတယ်။

တုံ့ပြန်မှုအချိန်ကျတော့ကော။ လူတစ်ယောက် မျက်တောင်ခတ်တာထက် အဆ ၅၀ မြန်အောင် တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုပြီး သုတေသီတွေ တွေ့ရှိကြတယ်။ “ဘယ်နားမှာ အန္တရာယ် ရှိမှန်း၊ လွတ်အောင် ဘယ်လို ပျံသန်းရမှန်း အချိန်တိုအတွင်း တွက်ချက်တတ်တယ်” လို့ ဒစ်ကင်စန် ရှင်းပြတယ်။

သီးလုံးဖောက် ယင်ကောင်ရဲ့ ဦးနှောက်သေးသေးလေးရဲ့ အံ့ဖွယ်စွမ်းရည်ကို သုတေသီတွေ လေ့လာနေကြတယ်။

သီးလုံးဖောက် ယင်ကောင် ရှောင်တိမ်းပျံသန်းပုံ

သီးလုံးဖောက် ယင်ကောင်ဟာ တစ်စက္ကန့်လေးအတွင်း အန္တရာယ်ကို ကွေ့ဝိုက်ရှောင်တိမ်းနိုင်

သင် ဘယ်လို ထင်ပါသလဲ။ သီးလုံးဖောက် ယင်ကောင်ရဲ့ ပျံသန်းနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ