ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၂
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၂
ခင်ပွန်းဖြစ်သူ အိမ်တံခါးပေါက်ကနေ ဝင်လာတဲ့အခါ ဇလက်ကာ ဆုတောင်းနေစဉ်

ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ

အွန်လီဟာ ဘူလ်ဂေးရီးယားနိုင်ငံက ယေဟောဝါသက်သေ တစ်ယောက်ပါ။ အွန်လီက အမျိုးသမီးငယ် ဇလက်ကာကို ကျမ်းစာ သင်ပေးပေမဲ့ ခင်ပွန်းဖြစ်သူကတော့ မလေ့လာဘူး။ အွန်လီ ဒီလိုပြောပြတယ်– “မိသားစုအကြောင်း လေ့လာတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကလေးတွေကို ချစ်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်လို့ ပြောပြတယ်။ ဇလက်ကာက ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ကျွန်မကို ကြည့်ပြီး သူ့ခင်ပွန်းနဲ့ ကိုးနှစ်အရွယ်သမီးကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးကြောင်း ပြောပြတယ်။”

ဇလက်ကာ ရှင်းပြတယ်– “မိသားစု လိုအပ်တာမှန်သမျှ ကျွန်မ အကုန်လုပ်ပေးပေမဲ့ ချစ်တယ်ဆိုတဲ့ စကားတော့ ပြောမထွက်ဘူး။ အမေကလည်း ကျွန်မကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။ အဘွားကလည်း အမေ့ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။” ယေဟောဝါဘုရားက ယေရှုကို ချစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အကြောင်း ဇလက်ကာကို အွန်လီ ပြတယ်။ (မဿဲ ၃:၁၇) ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဆီ ဆုတောင်းဖို့၊ ခင်ပွန်းနဲ့ သမီးကို ချစ်ကြောင်း ထုတ်ပြောနိုင်အောင် ပန်းတိုင်ထားကြိုးစားဖို့ ဇလက်ကာကို အွန်လီ အားပေးတယ်။

အွန်လီ ဒီလို ပြောပြတယ်– “နှစ်ရက်ကြာပြီးနောက် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းတဲ့အကြောင်း ဇလက်ကာ ဝမ်းသာအားရ ပြောပြတယ်။ ဇနီးသည်အနေနဲ့ ကိုယ့်ခင်ပွန်းကို ရိုသေလေးစားဖို့၊ ချစ်ဖို့ အရေးကြီးကြောင်း ကျမ်းစာကနေ သိလာတဲ့အကြောင်း အိမ်ပြန်လာတဲ့ ခင်ပွန်းကို ဇလက်ကာ ပြောပြတယ်။ ပြီးတဲ့နောက် ခင်ပွန်းကို တကယ် ချစ်မြတ်နိုးတဲ့အကြောင်း ထုတ်ပြောလိုက်တယ်။ သမီးဖြစ်သူ အိမ်ပြန်လာတဲ့အခါမှာလည်း သမီးကို ဖက်ပြီး ချစ်တယ်လို့ ပြောလိုက်တယ်။ ဇလက်ကာ ဒီလိုပြောတယ်– ‘အခု ကျွန်မ စိတ်ပေါ့သွားပြီ။ နှစ်အတော်ကြာတဲ့အထိ ကျွန်မခံစားချက်တွေကို မြိုသိပ်ထားခဲ့ရတာ။ အခုတော့ ယေဟောဝါရဲ့ အကူအညီနဲ့ မိသားစုကို ချစ်မြတ်နိုးကြောင်း ထုတ်ပြောပြနိုင်ပြီ။’

အမျိုးသမီးတစ်ယောက်ကို ကျမ်းစာလေ့လာဖို့ အွန်လီ ကမ်းလှမ်းနေစဉ်

အိမ်နီးချင်းတွေကို ကျမ်းစာလေ့လာဖို့ အွန်လီ ဆက်ကမ်းလှမ်းနေစဉ်

“တစ်ပတ်လောက်အကြာမှာ ဇလက်ကာရဲ့ ခင်ပွန်းနဲ့ တွေ့တော့ ‘လူအတော်များများက ဇလက်ကာကို ခင်ဗျားနဲ့ ကျမ်းစာ မသင်စေချင်ဘူး။ ဒါပေမဲ့ သူကျမ်းစာလေ့လာတာ ကျွန်တော်တို့ မိသားစုအတွက် တကယ် အကျိုးရှိသွားတယ်။ အခု ကျွန်တော်တို့မိသားစု ပိုသာယာပျော်ရွှင်လာပြီ’ လို့ ပြောတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ