ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁၃
  • ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျွဲကောသီးရဲ့ အခွံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျွဲကောသီးရဲ့ အခွံ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!
    နိုးလော့!—၂၀၀၅
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • ‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁၃
အပင်မှာ သီးနေတဲ့ ကျွဲကောသီးကို တွေ့ရစဉ်။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျွဲကောသီးရဲ့ အခွံ

ကျွဲကောသီး (ရှောက်ပန်းသီး) ဟာ သံပုရာမျိုးဝင်အသီး ဖြစ်ပြီး အရသာချိုတယ်။ အပင်ကြီးမျိုး ဖြစ်ပြီး အလုံးကြီး သီးတယ်။ ပေ ၃၀ (၁၀ မီတာ) အမြင့်ကနေ ကြွေကျရင်တောင် ဘာအနာအဆာမှ မဖြစ်ဘူး။ ဘာကြောင့်လဲ။

စဉ်းစားကြည့်ပါ။ ကျွဲကောသီးအခွံရဲ့ အတွင်းပိုင်း အဖြူရောင်အလွှာဟာ ရေမြှုပ်လို ဖြစ်နေတာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အခွံရဲ့ အတွင်းပိုင်းအလွှာကို ရောက်လာလေ ရေမြှုပ်အခန်းတွေ ပိုကျယ်လာလေ ဖြစ်ပြီး အဲဒီအခန်းလေးတွေမှာ လေတွေ၊ အရည်တွေနဲ့ ပြည့်နေတယ်။ အသီးကြွေကျလို့ မြေကြီးနဲ့ ထိတဲ့အခါ အဲဒီအရည်တွေက အသီးကို ဖော့လိုမျိုး ကာကွယ်ပေးတယ်။ မြေကြီးနဲ့ ထိတဲ့အခါ အခွံက ကျစ်ပြီး မာသွားတဲ့အတွက် အသီးကွဲထွက်သွားခြင်း မရှိဘူး။

ခြမ်းထားတဲ့ ကျွဲကောသီးရဲ့ အခွံကို တွေ့ရစဉ်။ အခွံမှာပါတဲ့ အခန်းလေးတွေကို အနီးကြည့်မှန်ဘီလူးနဲ့ တွေ့ရစဉ်။

သိပ္ပံပညာရှင်တွေဟာ ကျွဲကောသီးအခွံ တည်ဆောက်ပုံကို ကြည့်ပြီး ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သတ္တုရေမြှုပ်တွေကို စမ်းသပ် တီထွင်နေကြတယ်။ အလားတူပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့ရင် ဆိုင်ကယ်စီး ဦးထုပ်တွေ၊ ဆောင့်ဒဏ် ခံနိုင်တဲ့ မော်တော်ယာဉ် ပစ္စည်းတွေ၊ အာကာသစခန်းကို ဥက္ကာခဲ ထိမှန်မှုကနေ ကာကွယ်ပေးတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ကြမယ်လို့ ယုံကြည်နေကြပါတယ်။

ဘယ်လို ထင်ပါသလဲ။ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျွဲကောသီးရဲ့ အခွံဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ