အဆုတ်ရောဂါ ပြန်ဖြစ်လာ
၁၉၅၀ ပြည့်လွန်နှစ်များကတည်းက အမေရိကန်ပြည်ထောင်စု၌ အဆုတ်ရောဂါ (တီဘီ) ဖြစ်ပွားမှုသည် နှစ်စဉ်နှစ်တိုင်း ၅ ရာခိုင်နှုန်းနှင့် လျော့နည်းသွားသည်။ သို့သော် ၁၉၈၅ ခုနှစ်မှစ၍ တီဘီရောဂါသည် မှတ်တမ်းရရှိချက်အရ ၁၈ ရာခိုင်နှုန်း တိုးတက်လာသည်ကိုတွေ့ရသည်။ ထိုထက်မက ကုသရန်ဆေးဝါးမရှိသည့် ရောဂါအမျိုးအစားအသစ်သည် ယခုအခါတွင် သာ၍နှောင့်ယှက်မှုဖြစ်စေသည်။ ယခုတွင် တီဘီရောဂါသည် ခန့်မှန်းခြေအရ နှစ်စဉ် လူပေါင်းသုံးသန်း၏အသက်ဇီဝိန်ကိုခြွေလျက်ရှိသည်။ တီဘီရောဂါကို ဆန့်ကျင်တိုက်ခိုက်လျက်ပင် အဘယ်ကြောင့်ရှုံးနိမ့်နေရသနည်း။
အကြောင်းတစ်ခုမှာ လူနာတော်တော်များများသည် ကုသရန်ခြောက်လမှကိုးလအထိကြာရှည်လေ့ရှိသော ကာလအတွင်း မိမိတို့၏ဆေးဝါးကို ဆေးပတ်လည်အောင်သုံးစွဲရန် ပျက်ကွက်ခြင်းကြောင့်သာဖြစ်သည်။ ဥပမာ နယူးယောက်မြို့တော်တွင် အခြေအနေဆိုးလာနေသော တီဘီရောဂါဝေဒနာရှင် ၂၀၀ ရှိသည့်အုပ်စုတစ်ခုတွင် ၈၉ ရာခိုင်နှုန်းမှာ မိမိတို့၏ဆေးကုသမှုကို ပြီးဆုံးအောင်မခံယူကြကြောင်း သုတေသနပြုချက်တစ်ခုကဖော်ပြသည်။ အမေရိကန် အဆုတ်ရောဂါအသင်းမှဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ လီ ရစ်ခ်မင်က “ယင်းသည် အလွန်ကြောက်စရာကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် (က) ကုသ၍ မပျောက်ကင်းနိုင်တော့ချေ (ခ) သူတို့သည် သာမန်ဆေးဝါးများကိုအသုံးပြုလျှင် ဆေးမတိုးတော့သည် တီဘီရောဂါအဖြစ်သို့ ဦးတည်သွားနိုင်သောကြောင့်ဖြစ်သည်” ဟုပြောသည်။ သို့သော် ထိုရောဂါသယ်ဆောင်သူတို့သည် သူတို့ကိုယ်တိုင်၏ကျန်းမာရေးထက်မက ထိခိုက်စေနိုင်ပါသည်။ “သူတို့သည် ဆေးပတ်လည်အောင်ကုသမှု မခံယူခြင်းအားဖြင့် အခြားသူများကိုလည်း ကူးစက်စေနိုင်ပါသည်” ဟု ဒေါက်တာ ရစ်ခ်မင်က ထပ်ဆင့်၍ပြောလေသည်။ ယင်းသည် နှစ်စဉ် ကမ္ဘာတစ်ဝန်း ၎င်းရောဂါအသစ် ရှစ်သန်းခန့်ဖြစ်ရခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
“ကာလနာများပြားခြင်း” သည်ဤအစီအစဉ်တစ်ခုလုံး၏ ‘နောက်ဆုံးကာလ’ တွင် ကျွန်ုပ်တို့အသက်ရှင်နေရခြင်း၏ နိမိတ်တစ်ခုအဝင်ဖြစ်ကြောင်း ကျမ်းစာကျောင်းသားများက သိထားကြပါသည်။ (လုကာ ၂၁:၁၁; ၂ တိမောသေ ၃:၁၊ ကဘ) အဘယ်အရာ လိုက်ပါလာမည်နည်း။ ကမ္ဘာသစ်ဖြစ်ပြီး ယင်းတွင် “မြို့သားကလည်း၊ ‘ငါနာသည်’ ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်၏ကတိတော်မှာ ယာယီသက်သာခြင်းအတွက်မဟုတ်ဘဲ ဖျားနာခြင်းနှင့်သေခြင်းမှ အစဉ်အမြဲကင်းလွတ်ခြင်းအတွက် ဖြစ်သောကြောင့်တည်း။—ဗျာဒိတ် ၂၁:၁-၄။