ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၉/၈ စာ. ၉-၁၀
  • မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်
  • နိုးလော့!—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မသန်မစွမ်းမှုများ မည်သို့ အဆုံးတိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခြေလက်အင်္ဂါ မစုံသော်လည်း ဘဝမရှုံး
    နိုးလော့!—၂၀၀၁
  • ကတိတော်ထားရာ သာ၍ကောင်းသောအသက်တာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘုရားသခင့်စီမံရာ အံ့ချီးဖွယ် ကမ္ဘာသစ်
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၉/၈ စာ. ၉-၁၀

မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်

အက်ကွာဒရစ်ပဲလ်ဂျစ်ခ်က လူအများစုတွင် “သန်သန်စွမ်းစွမ်းရှိမှုမှာ တဒင်္ဂ” သာဖြစ်ကြသည်ဟု တစ်ခါကဆိုခဲ့သည်။ ယင်းသည်မှန်လိုက်လေခြင်း၊ ကျွန်ုပ်တို့အားလုံးတွင် ကာယချို့တဲ့မှုများ အနှေးနှင့်အမြန် ပေါ်လာတတ်သည်! ထို့ကြောင့် မျက်မှန်များ၊ မျက်ကပ်မှန်များ၊ အံကပ်များ၊ နားကြားကိရိယာများ၊ နှလုံးခုန်နှုန်းကို လှုံ့ဆော်ပေးသောလျှပ်စစ်ကိရိယာများနှင့် ဒူးဆစ်အစားထိုးပစ္စည်းများက အဝယ်လိုက်နေသည်။ “လောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်” ဟု ရောမ ၈:၂၂ ကဆိုသကဲ့သို့ပင်ဖြစ်သည်။

ထို့ကြောင့်၊ ကျွန်ုပ်တို့အားလုံး ဖြောင့်မတ်သည့် “မြေကြီးသစ်” တွင် နာခံသည့်လူသားများအား စုံလင်သောကာယကျန်းမာရေးရရှိစေရန် ဘုရားသခင့်ကတိတော်အားဖြင့် စိတ်သက်သာရာရနိုင်သည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄) ဟေရှာယ ၃၅:၅၊ ၆ ကဤသို့ဆိုသည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ . . .  ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”

သမ္မာကျမ်းစာက “လူအုပ်ကြီး” သည် ဤလက်ရှိဆိုးယုတ်သည့်စနစ်အား ဖျက်ဆီးခြင်းကပ်ကို ကျော်မည်ဖြစ်ကြောင်း ကြိုတင်ဟောထားသည်။ (ဗျာဒိတ် ၇:၉၊ ၁၄; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ထိုဖျက်ဆီးခြင်းပြီးနောက်မကြာမီ စိုးရိမ်ရသောမသန်မစွမ်းမှုနှင့် ကျန်းမာရေးပြဿနာများရှိသူတို့သည် ချို့တဲ့မှုမှ ရုတ်ခြည်းပြုပြင်ခံရမည်မှာ မလွဲဧကန်ပင်! (ဟေရှာယ ၃၃:၂၄) ဘုရားသခင့်မြေကြီးသစ်တွင် ဖြစ်ပျက်လာမည့် ကုသမှုဆိုင်ရာ အကြိုမြင်ကွင်းအနေနှင့် ယေရှုမြေကြီးပေါ်ရှိခဲ့စဉ်က အလားတူ ကုသမှုများ ပြုလုပ်ခဲ့သည်။ (မာကု ၅:၂၅-၂၉; ၇:၃၃-၃၅ နှိုင်းယှဉ်။) ခြေလက်ဖြတ်ထုတ်ကုသခြင်းခံရသူများသည် သူတို့၏ခြေတုလက်တုများ၊ ချိုင်းထောက်များနှင့် ဘီးတပ်ကုလားထိုင်များကို လွှင့်ပစ်စဉ် ဝမ်းသာမှုကြောင့်ကျသည့်မျက်ရည်နှင့် ခံစားရသည့်ဝမ်းသာကြည်နူးမှုကို မည်သူမျှ စ၍ပင်ပြောနိုင်မည်မဟုတ်! ထို့နောက် သူတို့သည် ကိုယ်ခန္ဓာသန်သန်စွမ်းစွမ်းဖြင့် ဘုရားသခင်ပေးတာဝန်ဖြစ်သည့် မြေကြီးအား ပရဒိသုစံအိမ်အဖြစ် ပြောင်းလဲခြင်းတာဝန်တွင် ကူညီထမ်းဆောင်နိုင်ကြမည်။—လုကာ ၂၃:၄၃။

လောလောဆယ်တွင်၊ ယနေ့ကိုယ်အင်္ဂါချို့တဲ့သူများသည် သူတို့၏လက်ရှိအခြေအနေတွင် ရုန်းကန်နေရဆဲဖြစ်သည်။ ကနေဒါရှိ ကိုယ်အင်္ဂါချို့တဲ့သူ နယ်လ်စင်ကဤသို့ဆိုသည်– “ကိုယ့်ကိုယ်နဲ့ပတ်သက်ပြီး ဝမ်းနည်းမှုစဝင်လာပြီဆိုရင် မဿဲ ၂၄:၁၃ မှာရှိတဲ့ ယေရှုရဲ့စကားတွေကို ကျွန်တော်စဉ်းစားတယ်။ ‘အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။’” ကန့်သတ်ချက်များရှိငြား ကိုယ်အင်္ဂါချို့တဲ့သူများသည် ခရစ်ယာန်ယုံကြည်ချက်ကို တည်ကြည်ခံရပ်ခြင်းအားဖြင့် အရေးကြီးဆုံးနည်းလမ်းတွင်—ဝိညာဉ်ရေးဆိုင်ရာ—ပြည့်စုံကျန်းမာနေနိုင်သည်။—ယာကုပ် ၁:၃၊ ၄။

ယေဟောဝါသက်သေများသည် သန်းနှင့်ချီသောသူများအား ယင်းယုံကြည်ချက်ကိုလက်ခံလာရန် ကူညီပေးခဲ့ကြသည်။ ရှေ့ဆောင်းပါးတွင်ကိုးကားဖော်ပြထားသည့် မသန်မစွမ်းသူဒဲယ်လ်ကဤသို့ဆိုသည်– “ကျွန်တော်ခံစားရသလိုမျိုး ရုပ်ပိုင်းဆိုင်ရာပြဿနာတွေဟာ တကယ့်ကိုယာယီမျှသာဖြစ်ကြောင်း သိရှိလိုက်ချိန်မှာ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ။” မှန်ပါသည်၊ ထိုမျှော်လင့်ချက်ရှိသွားသော ဒဲယ်လ်—နှင့်သူကဲ့သို့သောအခြားသူများစွာတို့—ကို ကိုယ်အင်္ဂါချို့တဲ့သောသူဟု မခေါ်နိုင်တော့ပေ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လာလတ္တံ့သော ဖျက်ဆီးခြင်းကပ်ကို ကျော်သူများသည် သူတို့၏ချို့တဲ့မှုများ အံ့ဖွယ်ကုသပေးမှုကို ခံစားကြမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ