သူတို့ ကတိတည်ကြ!
အန်တိုနီယိုသည် အထက်တန်းကျောင်း၏ နောက်ဆုံးနှစ်၌ရောက်နေပြီး မိမိ၏အတန်းဖော်တို့ကို အလွတ်သဘောသက်သေခံလိုခဲ့သည်။ ထို့ကြောင့် သူ၏သမိုင်းဆရာမအား ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည်ဗီဒီယိုအခွေကို ပြသရန်အကြံပြုခဲ့၏။ သံသယဖြစ်ခြင်းခံရသော်လည်း ဆရာမက သဘောတူခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါဗီဒီယိုအခွေကိုပြပေးမည်ဟု ပြောလိုက်သည်။
“အစပိုင်းမှာ ဆရာမက ဗီဒီယိုအခွေကို အထင်သေးစွာနဲ့ကြည့်နေခဲ့တယ်; ဒါပေမဲ့ ချွေးတပ်စခန်းတွေမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ရာဇဝင်ကို ထင်ရှားတဲ့သမိုင်းဆရာတွေက ပြန်ပြောပြနေကြတာကို သတိပြုမိတဲ့အခါမှာတော့ သူဟာ အသေအချာအာရုံစိုက်ကြည့်ရှုတော့တယ်။ ပြီးသွားတဲ့အခါ အဲဒီအခွေကိုပြဖို့ အကြံပြုတဲ့အတွက် ကျွန်တော့်ကိုကျေးဇူးတင်ကြောင်း ပြောခဲ့တယ်” ဟူ၍ အန်တိုနီယိုက ပြန်ပြောပြသည်။
နောက်စာသင်ချိန်အတွင်း ဆရာမသည် ထိုအချိန်က ဂျာမနီနိုင်ငံ၌ ဘီဘာလ်ဖော်ရှာဟုသိထားကြသည့် ယေဟောဝါသက်သေတို့၏လုပ်ငန်းကို ပြောပြဖို့ကြိုးစားခဲ့သည်; သို့သော် အန်တိုနီယိုအား ပြောပြခိုင်းလျှင် သာ၍ကောင်းမည်ဖြစ်ကြောင်း သူသတိပြုမိခဲ့သည်။ လူအဖွဲ့အစည်း၌ သက်သေခံတို့၏ အခန်းကဏ္ဍနှင့် သူတို့၏အယူဝါဒအချို့ကို အန်တိုနီယိုကရှင်းပြပေးခဲ့၏။ ဤသို့ပြောဆိုကာ သူနိဂုံးချုပ်လိုက်သည်– “ရှင်းနေတာက လူတွေဟာ ကျွန်တော်တို့ယူဆောင်လာတဲ့ တန်ဖိုးရှိလှတဲ့သတင်းစကားကို နားမထောင်ရင်၊ ကျွန်တော်တို့သွားတဲ့အခါ သူတို့ရဲ့တံခါးတွေကို ပိတ်ပစ်လိုက်ရင်၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့စာအုပ်စာတမ်းတွေကို မဖတ်ခဲ့ရင် အဲဒီကနေ ဘာအကျိုးမှရနိုင်ကြမှာမဟုတ်ဘူး။”
အန်တိုနီယို၏အတန်းဖော်အားလုံးသည် ဤအလေးအနက်ဆင်ခြင်မှုကို သဘောတူခဲ့ကြပြီး ဆရာမက အဓိဋ္ဌာန်တစ်ခုပြုကြရန် အတန်းသားတို့ကို အဆိုပြုခဲ့သည်။ အခွင့်အရေးရတိုင်း သူတို့သည် ယေဟောဝါသက်သေများကို နားထောင်ကြရန်နှင့် သူတို့၏စာအုပ်စာတမ်းများကို လက်ခံကြရန်ဖြစ်သည်။ တစ်ခါတစ်ရံ အတန်းသားတို့သည် အဆိုပါဗီဒီယိုနှင့်ပတ်သက်၍ ဆက်လက်ပြောဆိုဆဲဖြစ်၏။ နောက်ရက်အနည်းငယ်အတွင်း မိမိ၏အတန်းဖော်ကျောင်းသား တော်တော်များများသည် ကင်းမျှော်စင်စာပေစာတမ်းများကို အတန်းထဲသို့ယူလာကြပြီး အပြုံးကိုယ်စီဖြင့် တစ်ယောက်စီက အောက်ပါအတိုင်းပြောဆိုသည်ကို ကြားရသည့်အခါ အန်တိုနီယို၏စိတ်ကျေနပ်မှုကို သင်မြင်ယောင်ကြည့်နိုင်ပါသည်– “တွေ့လား၊ ငါကတိတည်တယ်နော်!”